"တချို့တွေ နေနိုင်လွန်းတယ်"
ကြယ်တွေစုံရင် ကောင်းကင်ဟာ
လှမှာသိပေမဲ့ တိမ်တွေဝိုင်းဖယ်ဖို့
တချို့တွေ တာဝန်မဲ့ကြတယ်
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါလျက်နဲ့
ရေသာခိုကြတဲ့သူတွေအတွက်
တချို့ပိုတွန်းကြရတဲ့အခါ
ပိုတွန်းကြရတဲ့ တချို့မှာ ပိုနွံနစ်ကြရတယ်
ဓမ္မနဲ့ အဓမ္မကြား ရွေးရတဲ့အခါ
အတ္တကြီးတဲ့ဆင်ခြေတွေ ပေးကြတဲ့အခါ
တချို့နှောင်ကြိုးတွေက ရင်နာနာနဲ့
ပိုစွန့်လွှတ်နေကြရတယ်
ဂေါ်ပြားတချက် မယက်ပေမဲ့လဲ
စမ်းရေထွက်လာတဲ့အခါ
အတူသောက်ခွင့်ပေးမှာပါ
မင်းလက်တဖက်နဲ့ ကူယက်ခဲ့ရင်တော့
စမ်းရေမြန်မြန်ထွက်မှာပေါ့
ဒါပေမဲ့ ဒါပေမဲ့လေ
တချို့တွေ နေနိုင်လွန်းတယ်
တချို့တွေ နေနိုင်လွန်းလှတယ်
တချို့တွေ နေ နိုင် လွန်း ပါ တယ် လေ
San Zuren 🌸
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...
-
လူသားဆန်ဖို့ Clickရမယ်💪✊ ဘာဖြစ်ဖြစ်Clickမှရမယ်လို့သာတွေးပြီး clickကြရအောင်ပါခင်ဗျာ။ #photocredit
-
◼အမှောင်◼ ကျေးရွာအနှံ့ မီးလင်းလိုက်တာ ထိန်လို့...။ တခဏချင်း ပြာပုံဖြစ်သွားတယ် ။ ©လကျာ်ဧ #thevoiceofspring #poem #thevoiceofspring
No comments:
Post a Comment