"အောင်ပန်း ဆွတ်ခူးကြမယ်"
နှစ်ဆယ့်တစ်ရာစုမှာ
သမိုင်းပေး တာဝန်ကြောင့်
ကြီးငယ် အရွယ်မရွေး
နိုင်ငံအရေးမှာ ပါဝင်လို့
"ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး" ဖို့
ရဲရဲတောက် ဟစ်ကြွေးခဲ့တယ်
အာဏာရှင်ကို ခြေမှုန်းဖို့
ငါတို့ရဲ့ တွန်းလှန်မှုက
ကမ္ဘာတစ်လွှား ဖိန့်ဖိန့်တုန်စေတယ်
ပြည်သူ့မေတ္တာ ပြည်သူ့စေတနာနဲ့
ပေါက်ဖွားလာတဲ့ ပြည့်သူ့စစ်သား
ငါတို့ လူငယ်မျိုးဆက်တွေ
အကြမ်းဖက် မိစ္ဆာတပ်ကို
မြန်မာ့မြေပေါ်မှ အပြီးနှင်ကြမယ်
အာဏာရှင်ကို အပြုတ်တိုက်ဖို့
ငါတို့အားလုံးဟာ ခေါင်းဆောင်တွေပဲ
ဖြူနီဝါပြာစိမ်း ခွဲစရာမလိုဘူး
အာဏာရှင် မလိုလားရင်
အဲ့ဒါ ပြည်သူ့စစ်သား
အနာဂတ် ပြန်ရဖို့ အာဏာရှင်ကို
အပြီးသတ်ချေမှုန်းမယ်
ကြမ်းချင်ကြမ်း ပန်းချင်ပန်းပါစေ
သားစဉ်မြေးဆက်ထိ မပါစေရဘူး
ငါတို့ရဲ့ အသက်တွေ စတေး
အမှန်တရား ဖြစ်ထွန်းရေးအတွက်
ဒီလမ်းကို ငါတို့လျှောက်မယ်
ရောင်နီသမ်းမယ့် ပန်းခင်းလမ်းမှာ
အောင်ပန်းတွေ ဝေပီးသားမို့
အရိုးကြေကြေ အရေခမ်းခမ်း
အောင်ပန်းကို ဆွတ်ခူးဖို့
ပန်းတိုင် အရောက်လှမ်းကြမယ်
San Zuren 🌸
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...

-
၂၀၂၁ တနှစ်လုံး ............................ မကြာခင် အဆင်ပြေသွားတော့မှာလို့ ပြောပြီး ခဏခဏဖျားတယ်။ မနက်မိုးလင်းတာနဲ့ ဘေးဘီဝဲယာမှာ သူစိမ်းမြူတွ...
-
လူတွေသေရင်အငွေ့မဖြစ်ဘူးသိလား.။ လူတွေသေရင်... သူတို့ကိုချစ်တဲ့သူတွေဆီမှာ မှတ်ဉာဏ်ဖြစ်သွားတာ။ မှတ်ဉာဏ်အပိုင်းအကန့်လေးတစ်ခုဖြစ်သွားတာ။ -ဆပ်ရိပ်...
No comments:
Post a Comment