မွေးရပ်မြေ
^_^
ခင်ဗျားတို့တချိန်ကပြောကြခေါ်ကြတာ
ကန်ရေသောက်မြက်ခြောက်စား
တောအရပ်ကအညာသူအညာသား
တချို့ကလည်းပြောကြသေး
တောသားမြို့ရောက်
ဖာလူဒါသောက်တဲ့
ခုချိန်မှာ
မြို့လည်းမရောက်သလို
ဖာလူဒါလည်းမသောက်နိုင်သေးဘူး
အညာမြေရဲ့
ထန်းလက်မိုးကျူထရံကာအိမ်တေ
မြို့ကြီးလိုခေတ်မဆန်သော်လည်း
ခေတ်မှီစွာတည်ဆောက်ထားတဲ့အိမ်တေ
စွန့်ခွာနေရ၊မီးရှို့ခံရနဲ့
သက်ကြီးရွယ်အိုကလေးကစ
အသက်ရှင်ဖို့ဘုရားတနေရတယ်။
ခင်ဗျားတို့သိလား
အညာကထွက်တဲ့သနပ်ခါးဟာ
ရင်ထဲထိမွှေးပြီးအေးတယ်ဆိုတာ
အညာကထွက်တဲ့ချည်စောင်ဟာ
နွေမှာအေးပြီးဆောင်းမှာနွေးတယ်
အညာမြေလာလည်ကြည့်ပါ
နေပူပူဖုန်းတထောင်းထောင်း
တခါတရံတမာရနံ့
နောက်ချေးနံ့နဲ့
ခရီးဟာပန်းသော်လည်း
ထန်းလက်တဲအောက်က
ထန်းရည်ချိုမြမြဟာ
ပန်းသမျှနွမ်းသမျှ
ပြေလျှရုံသာမက
ဧည့်ဝတ်အလွန်ကြေတဲ့
အညာသူအညားသားတေရဲ့
ပကာသနမပါ
ရိုးသားတဲ့ချစ်ခြင်းမေတ္တာတေကို
ကြည့်တတ်ရင်မြင်ရပါလိမ့်မယ်။
🌷ပန်းပျိုးသူ
No comments:
Post a Comment