Tuesday, August 23, 2022

"တနင်္လာငါး"

"တနင်္လာငါး"

ကျွန်တော်တို့ တစ်မိုးသားလုံးစိတ်ကူးယဥ်
ငါးရိုးထွင်ကြတယ်။

အရိုးစုချည်းပဲ ကျန်လည်း
ငါးဟာ အလံမလဲ
နွေတုန်းက ငါးဟာ
မိုးထဲမှာလည်း ပိုသွားဖို့ပါပဲ။

ဘယ်ဆီဘယ်ဝယ်
မိုးအစပဲ ရှိသေးတယ်
မိုးအဆုံးကို မင်းလည်း ပြေးတော့တယ်
ကူးခပ်ဖို့ရာ ငါးတွေမှာ
အမြီးပဲ ကျန်ရှိတော့တယ်။

ကော်ဖီတစ်ခွက်လို နွေးထွေးဖို့ရာ
ကော်ဖီတစ်ခွက်လို အေးစက်ဖို့ရာ
မိုးရေစက်တိုင်းမှာ ငါးတွေ ပါဝင်ပြီးသား
ကျွန်တော်လည်း နှလုံးရှိရာ ကူးခပ်သွားဖို့ပါပဲ။ ။

-စိုင်းဝင်းမြင့်

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...