Tuesday, August 23, 2022

အောင်နိမိတ် အောင်စိတ်


အနင်းခံရတဲ့ မြက် 
ပိုသန်သတဲ့။
အကျဉ်းစံရတဲ့ငှက် ​
ပိုပျံနိုင်လိမ့်မယ်။
အခက်အခဲ တွေ့က
ဖျက်ခွဲ၍ ပစ်ကြလော့။

ရက်ရှည်ရ ကောင်းလားလို့
မျက်ရည်မကျနဲ့။
အံကြိတ်ပြီး အမောင်ဇွဲသန်မှ
အလံချိတ်ပြီး အောင်ပွဲခံရမှာ။
အကြောက်သန်၊ အတွေးဖောက်ပြီး 
နောက်ပြန် ပြေးပေါက်မရှာနဲ့။
ရှေ့ကိုသာ ဆက်လျှောက်
တနေ့နေ့မှာ ရောက်ရမယ်။

မာန်ဇွဲတင်း
အံခဲရင်း
အလံမလှဲမခြင်း စိတ်ဓာတ်နဲ့
နိမိတ်ဖတ်ပြီး အောင်ပန်းခူး
စိတ်ကူးနဲ့ မြူးကြစို့။ 

#တင်မိုး


No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...