Tuesday, August 23, 2022

"သမိုင်းမှာ မင်းတရားခံ ဖြစ်မယ်”

“သမိုင်းမှာ မင်းတရားခံ ဖြစ်မယ်”
                            
မင်းမမှန်ရင်
မင်း တရားခံ ဖြစ်မယ်။
ငါမမှန်ရင်
ငါ တရားခံ ဖြစ်မယ်။
တရားဆိုတာ 
ညှာလဲ မညှာ၊ ညာလဲ မညာ
သာစေ နာစေလဲ မရှိ
ပကတိ သူ့သဘောသူ ဆောင်ခြင်းပါပဲ။
ဒီနေ့မင်းရဲ့ လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့ အတ္ထုပ္ပတ္တိ။
ဒီနေ့ မင်းရဲ့ လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့ အနာဂတ်။
မပတ်သက်ချင်လို့မရ
မဆက်စပ်ချင်လို့ မရ
မင်းဘဝကို မင်းကသာ ပြဋ္ဌာန်းတယ်။
မင်းဘာလဲ။
မင်း ဘယ်သူလဲ။
မင်းဟာ မင်းပဲ။  

-တင်မိုး

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...