Sunday, June 5, 2022



**ဒီပွဲသည်သာ နောက်ဆုံးပွဲ**
----------------------------------


အာဏာရှင်အောက် မကျရောက်ဖို့
မကြောက်မရွံ့ ရဲရဲဝံ့လျက်
သက်စွန့်ဆံဖျား ရဲစိတ်များဖြင့်

ကျောင်းသားလူထု တပ်ပေါင်းစုကာ
တောင်ပေါ်မြေပြန့် စည်းလုံးခြင်းသာ

ဖက်ဆစ်စစ်တပ် အကြမ်းဖက်ကို
သုတ်သင်ချေမှုန်း အမြစ်တုံးအောင်
အားလုံးလက်တွဲ သပိတ်နွှဲ၍

တိုက်ပွဲကိုဝင် အာဏာရှင်အား
ဆန့်ကျင်တွန်းလှန် ရဲစိတ်မာန်နှင့်

ဧကန်တိုက်ထုတ် စုပေါင်းလုပ်မှ
အာဏာရှင်တွေ နောင်တွင်စဉ်မြဲ 
မပေါ်ရဲအောင် အမြစ်ဖြတ်ထုတ်


**ဒီပွဲသည်သာ နောက်ဆုံးပွဲ**


San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...