Sunday, June 5, 2022


ကိုယ်ချင်းစာ
-------------------


ကိုယ်ချင်းစာတရားမရှိတဲ့ လူတစ်ယောက်စီက
မေတ္တာတရားတွေမရှာဖွေပါနဲ့
မင်းပင်ပန်းလိမ့်မယ်

ကိုယ်ချင်းစာတရားမရှိတဲ့ လူတစ်ယောက်စီက
သစ္စာတရားတွေ မရှာဖွေပါနဲ့
မင်းပင်ပန်းလိမ့်မယ်

ကိုယ်ချင်းစာတရားမရှိတဲ့ လူတစ်ယောက်စီက
ဂရုစိုက်မှုတွေ ၊ နားလည်မှုတွေ၊အကြင်နာတရားတွေ မရှာဖွေပါနဲ့
မင်းပင်ပန်းလိမ့်မယ်

လောကကြီးထဲမှာကိုယ်တိုင် မခံရသရွေ့
ဘယ်တော့မှ ကိုယ်ချင်းစာစိတ်ထားပြီး
ကိုယ့်ကို ဖြည့်တွေးပေးကြမှာ မဟုတ်ပါဘူး

ဒါကြောင့် တစ်ချို့... တစ်ချို့ဆီက
ကိုယ်ချင်းစာတတ်တဲ့ စိတ်ဆိုတာကိုယ်တိုင်ခံစားဖူးမှ နားလည်လာတဲ့အရာမျိုးပါ



San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...