Monday, June 6, 2022


ခံစားချက်တွေကိုလာဘ်ထိုးတာ

ကမ္ဘာကြီးကိုငုံ့ကြည့်လို့ရရင်ကောင်းသား
လူတွေအကြောင်းပိုသိချင်မိတယ်
နောက်၁၀နှစ်အကြာဆိုတဲ့ ရုပ်ရှင်တွေထဲက
အဖြူအမဲပြကွက် အပြင်မှာရှိရင်ကောင်းမယ်

ချစ်ခြင်းမေတ္တာကို
စျေးဘယ်လောက်သတ်မှတ်ကြမလည်း
ပန်းတွေကို ဘယ်တော့မှမကြွေစေချင်ဘူး
ကော်ဖီတွေကို
ဘယ်တော့မှမအေးစက်စေချင်ဘူး
ကမ္ဘာ့ပထမဆုံး ကဗျာကိုဘယ်သူရေးခဲ့လည်း

စီးကရက်နဲ့ပီကေကို လိုတိုင်းရချင်မိ
တိမ်တိုက်တွေကြား ဘောလုံးကန်ချင်တယ်
ဆက်ဆံရေးတွေနဲ့ချည်နှောင်တဲ့ကြိုးတိုင်း
အမြဲတည်မြဲရှိရင် ပျော်ဖို့ကောင်းမှာ

နိဗ္ဗာန်နဲ့ငရဲဘယ်နှမိုင်ကွာကြလည်း
မြတ်စွာဘုရားရဲ့ခြေတော်ကိုဖူးမျှော်ချင်တယ်
နေရောင်ခြည်ရဲ့
နွေးထွေးမှုကို တစ်ဝကြီးခံစားရမယ့် 
နေကြာပန်းတွေကြားမှာ
တိတ်တိတ်လေး တိုးတိုးလေး
လွတ်လွတ်လပ်လပ် အိပ်ပစ်ချင်တယ်

-ကျွန်တော်

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...