Sunday, June 5, 2022



ကိုယ့်ဖြစ်တည်မှုတိုင်းက 
ကိုယ့်အတွက် ခမ်းနားတယ်
-----------------------------------------


လူတယောက်ကို အလိုက်အထိုက်
ဆက်ဆံလိုက်ရင်တောင် ဘဝနဲ့ချီ 
ပြောင်းလဲသွားနိုင်တာ ငြင်းပယ်ပြီးတော့
ကိုယ့်ယုံကြည်ချက်နောက်ကိုပဲ 
ဘယ်သူမှ ဂရုမစိုက် ရွေးခြယ်ခဲ့တဲ့
အတွေ့အကြုံလေးက ကိုယ့်ဘဝမှာ
ယုံကြည်ချက်နဲ့ပတ်သက်လာရင်
အများကြီး ကြံ့ခိုင်သန်မာစေခဲ့တယ်

တဇွတ်ထိုးဆန်တယ်ပြောပြော
မိုက်ရူးရဲဆန်ခဲ့တယ်ပြောပြော 
အခက်အခဲတွေကိုရင်ဆိုင်မလား
ယုံကြည်ချက်နောက်ကိုလိုက်မလား
ရွေးခြယ်မူတွေ ဖြစ်လာတိုင်းမှာ
ယုံကြည်ချက်နောက်ကိုပဲလိုက်ဖို့
ကိုယ့်စိတ်တွေကို သန်မာစေခဲ့တယ် 

တကယ်တော့ ဘဝဆိုတာမျိုးက
ဘယ်သူ့အတွက်မှ တကူးတက
လိုက်ပြီး ခမ်းနားပြနေဖို့မလိုပါဘူး
ကိုယ်ရဲ့ဖြစ်တည်မူတိုင်းက ကိုယ့်အတွက်
ခမ်းနားမှုရှိတယ်လို့ ယုံကြည်ချက်
ရှိနေဖို့ကသာ အဓိကကျဆုံးပါလေ 


San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...