သွေးသန့်အောင် ဝေဖန်မယ်
--------------------------------------
ဒုက္ခကလည်းစစ်စစ်
စစ်ကလည်း စစ်စစ်
ခေါင်းဆောင်တွေက စစ်ဖို့ လိုတယ်
စိတ်ဓာတ်တက်ကြွအောင်
Motivation လုပ်ရင်းနဲ့
False Hope တွေကို
Truth Events ထင်လာနေကြတယ်
မြေပြင်နဲ့ အတော်အလှမ်းကွာနေကြပြီ
အလှူခံဖို့နဲ့ တယူသန်ဖို့သာ
သိတဲ့သူတွေကဆိုရင်တော့
တော်လှန်ရေးကြီးက အဓွန့်ရှည်ဦးမှာပဲ
သွေးကွဲမယ် မဝေဖန်နဲ့တဲ့
သွေးမတူတဲ့သူတွေကို ပြောတာ
ဝေဖန်တယ်ဆိုတာ သွေးသန့်တာဖြစ်တယ်
တော်လှန်ရေးထဲက
အမှိုက်သရိုက်ရှင်းတာဖြစ်တယ်
တော်လှန်ရေး လေးဖျင့်အောင်
လုပ်နေသူတွေကို မောင်းထုတ်ရမယ်
သို့မှသာ တော်လှန်ရေး ရေစီးသန်မယ်
သွေးသန့်အောင် ဝေဖန်ဖို့လိုပါတယ်
San Zuren 🌸
No comments:
Post a Comment