Saturday, June 18, 2022



အမှန်တရားအတွက်

ခေတ်စနစ်ကြီးကိုက ပညာတတ်တွေ
ခံရတဲ့စနစ်ဖြစ်နေပြီအမေ....

ဒီလမ်းကို  နိုင်မယ်ထင်ပြီး မျှော်လင့်ချက်နဲ့
လျှောက်ခဲ့တာမဟုတ်ဘူးအမေ...

နိုင်ကိုနိုင်ရမယ်ဆိုတဲ့  ယုံကြည့်ချက်နဲ့
လျှောက်လှမ်းခဲ့တာ....

နောက်ဆုတ်လို့မရမှန်းလည်း 
သမီးတို့သိပါတယ်အမေ....

ဒီတစ်ခါမှ  အာမခံရင် 
နောင်မျိုးဆက်  ကျွန်ခံရတော့မှာ...

အမှန်တရားအတွက်  တိုက်ရဲမှတော့
အမှန်တရားအတွက်လည်း  သေရဲပါတယ်အမေ....

အသေခံပြီး တော်လှန်မလား  
ခေါင်းငုံ့ခံပြီး ကျွန်ခံမလား

လွတ်လပ်စွာရွေးချယ်ပါတဲ့.....

တစ်ခါသေ သေလိုတော့
ကျွန်ဘဝတော့ ထပ်အရောက်မခံနိုင်ဘူးအမေ

အသက်သေရမှာထက်  ဘဝသေရမှာကို
သမီးတို့ပိုကြောက်တယ်
ဒီတိုက်ပွဲနိုင်ကိုနိုင်ရမယ်....

                                         ThaeNu

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...