Happy 77th Birthday Mother Su
-----------------------------------------------
လူယုတ်မာ လက်တစ်ဆုပ်စာအောက်
ဘယ်တော့မှ ဒူးမထောက်ခဲ့တဲ့ "အမေ"
ပြည်သူအတွက် အရေးဆို
"ပြည်သူသာ အဓိက"
"ပြည်သူသာ ပဓာန"
ဘဝရဲ့ အချိန်တွေကို ပေးဆပ်
အိုမင်းခဲ့တဲ့ အားလုံးရဲ့ "အမေ"
အသက်အရွယ်ပြောင်း
ဇရာ ညောင်းလည်း
မမောတမ်း မပန်းတမ်း
ဒီမို ပန်းတိုင် လျှောက်လှမ်းဆဲမို့
ဗေဒါပျံ အံကိုခဲ
သူမဟာ ပန်းပန်နေဆဲ
မကြောက်တရား တေးကဗျာ
မီးလျှံထဲက ကြာ ....
အလျှံငြီးငြီး စစ်မိစ္ဆာ
မီးတောက်တွေ ဘယ်တော့မှ မဝါးမျိုနိုင်တဲ့ "ကြာ"
အမေ အပြန်လမ်း
ပန်ဖို့ ပန်းတွေ
ကျွန်တော် တို့တွေ
ခူးနေတုန်းပါ "အမေ"
ကျွန်တော်တို့ရဲ့ အမေ
သက်တော်ရာကျော် ရှည်ပါစေ
ကျန်းကျန်းမာမာ ရှိပါစေ
မတရားချုပ်နှောင် လွတ်မြောက်ပါစေ
/ငရာ/
No comments:
Post a Comment