Thursday, June 16, 2022



KNOW YOURSELF


ကိုယ့်အကြောင်းကိုယ်သိအောင် စူးစမ်းတာနဲ့  တခြားလူတွေအကြောင်း သိအောင် စူးစမ်းတာဟာ  လူ့ဘဝထဲ တစ်လှည့်တစ်ပြန် ဖြစ်ပျက်နေတယ်
အများစုက တခြားလူတွေ  အကြောင်း စူးစမ်းရာမှာ နစ်ဝင်နေတတ်ကြပါတယ်

"ဘဝအဓိပ္ပာယ်ရှာဖွေခြင်းဖြစ်စဥ်မှာ ကိုယ့်အကြောင်း ကိုယ်သိရမယ့်အရေးဟာ လေးနက်တဲ့သိမှုဖြစ်တယ် "

လူအများစုဟာ မသိမှုမှာ မွေ့လျော်နေတယ်
အများနဲ့ ရောယောင်ပြီး ပေါချောင်နေတယ်
ကိုယ် စိတ်ဝင်စားတာတွေက ကိုယ့်ဘဝကို ပြဋ္ဌာန်းပါတယ်
စိတ်ဟာ မတည်ငြိမ်ဘဲ လွင့်စင်လွယ်တဲ့အရာမို့ စိတ်ထိန်းရတာ ခက်ပါတယ်

အငြိမ်မနေတတ်တဲ့စိတ်က ဝင်လို့ရတဲ့ နေရာတိုင်း ဝင်စားတာကြောင့် စိတ်ဝင်စားမှု ပြန့်ကြဲနေသူတွေ များတယ်
စိတ်ဝင်စားတဲ့အရာတွေ များရင် စိတ်တည်ငြိမ်မှုနည်းလာတယ်
တည်ငြိမ်မှုနည်းရင် တစ်ခုသောအရာအပေါ် လေးနက်ဖို့၊ အတွင်းကျကျ သိဖို့နဲ့ မြှုပ်နှံ့ထားဖို့ မလွယ်ဘူး

ကိုယ့်စိတ်ကို လေ့လာပါ သုံးသပ်ပါ ဆင်ခြင်ပါ  

လူ့ဘဝသက်တမ်းတိုတိုလေးရဲ့ ရှင်သန်ခြင်းဖြစ်စဉ်မှာ ဘ၀ခရီးလမ်းကို အကောင်းအဆိုး  ဝေဖန်ခွဲခြားတတ်အောင် ကိုယ့်စိတ်ကို အမြဲ ရှာဖွေသုံးသပ် နေထိုင်ရပါမယ်




San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...