Thursday, December 30, 2021

Click4Tanintharyi

ပုံအောရမယ့်ပွဲ

ဖြတ်သန်းဖူးတဲ့သူတိုင်း သိကြတဲ့
စစ်အာဏာရှင်လက်အောက်က
တက္ကသိုလ်ထိ ပညာရေး ဟာ
လောက်လောက်လားလား မယ်မယ်ရရ
တန်းမဝင်တဲ့ အချိန်ကုန် ပညာရေးတစ်ခုသာ
တခြားနေရာတွေကော
ဘောင်ဝင် တန်းဝင်တာလား ဆိုတော့
Big No No ပါ...

ဒီလို အာဏာရှင်လက်အောက်က
ကာလတွေလို မဟုတ်ပဲ
ဒုက္ခမများ  လူ့ရပိုင်ခွင့်တွေရှင်သန်ဖို့
ဒီမိုကရေစီ အရေးကို
ဒီတခေါက် ပုံအောမှရမယ်...

ကစားဝိုင်းတစ်ခု လို
နိင်မယ်လို့ ယုံကြည်သေချာနေတဲ့အခါ
ပုံအောဖို့ စွန့်စားကြသလိုပေါ့...

လွတ်မြောက်နယ်မြေဆိုတဲ့နေရာမှာ 
အသက်တွေ ပုံအောထားသလို
မိသားစု ကို ပုံအောထားတယ်
အနာဂတ်ကို ပုံအောထားတယ်
ပျော်ရွှင်ခြင်းတွေ ပုံအောထားတယ်
ချစ်ခြင်းမေတ္တာတွေ ပုံအောထားတယ်...

မလွတ်မြောက်တဲ့ နေရာက
ကျနော်တို့ကော ဘာတွေ ပုံအောမလဲ
စိတ်တွေ ပုံအောနိုင်မလား
စည်းစိမ် ပုံအောနိုင်မလား
ကိုယ့်လိပ်ပြာကိုယ် ပုံအောနိုင်မလား

တတ်နိုင်ရင် တတ်နိုင်သလောက် ပုံအောကြပါ...


#San Zuren

18 comments:

  1. မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်

    ကြိုးစားကလစ်ကြစို့နော်

    ReplyDelete
  2. လိပ်ပြာလုံလား မေးရင် ဘယ်တော့မှ လိပ်ပြာမလုံပါ

    ReplyDelete
    Replies
    1. ဘယ်လောက်ကလစ်ကလစ်လိပ်ပြာမလုံ

      Delete
  3. ကိုယ့်ရဲ့အချိန်​တွေ ပုံ​အောထားတယ်

    ReplyDelete
  4. အရေးတော်ပုံအောင်ရမည်
    done

    ReplyDelete
  5. ငြီး​ငွေ့​နေပြီဆိုတဲ့စိတ်ဝင်လာတာနဲ့
    အသက်စွန့်၊ ဘဝစွန့်၊ အလုပ်စွန့်၊ ကိုယ်မြတ်နိုးတဲ့အရာအားလုံးကိုစွန့်ပြီး တော်လှန်​နေကြသူ​တွေအ​ကြောင်းပြန်စဥ်းစားလိုက်တယ်။

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...