Thursday, May 5, 2022

တရားလက်လွတ်
------------

လူ့ဘဝမှာ
သံသရာကို ဆွဲဆန့်ချင်သူလည်း ရှိ
သံသရာက လွတ်မြောက်လိုသူလည်း ရှိ

ကိုယ့်မှာတော့
သံသရာကို မေ့ထား
တစ်ဘဝစာ ဗျာများ

ဘာလင်တံတိုင်းလည်း သင်္ခါရ
စိုင်းထီးဆိုင်လည်း သင်္ခါရ
လေဒီဒိုင်ယာနာလည်း သင်္ခါရ

တရား သိသလိုလို
တရား ရှိသလိုလိုနဲ့
ကိုယ့်ကိုယ်ကိုယ်
အလိုလိုက်မိတဲ့ နေ့များ ။       ။

#လှသန်း

13 comments:

  1. ပုထုဇဥ်သဘော

    ReplyDelete
  2. ရက်​တွေသာတစ်ရက်ပြီး​တစ်ရက်ကုန်ဆုံးသွားတယ်။ဘာမှဖြစ်မလာ​သေး။

    ReplyDelete
  3. မိုး မြိ့ပြမှာပဲရွာပါ တော တောင်တွေ မိုးမစိုပါစေနဲ့ မိုး

    ReplyDelete
  4. တရား သိသလိုလို
    တရား ရှိသလိုလိုနဲ့
    ကိုယ့်ကိုယ်ကိုယ်
    အလိုလိုက်မိတဲ့ နေ့များ .....

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...