အကြာကြီးနေဖို့ မလိုဘူး
--------------------------------------
လူ့ဘဝမှာ
အကြာကြီးနေဖို့ လိုအပ်သလား
လူတွေ နေခဲ့တယ်
မြို့မငြိမ်းလည်း လိုအပ်သလောက်ပဲ နေခဲ့တယ်
ကတ်ကိုဘိန်းလည်း လိုသလောက်ပဲ နေခဲ့တယ်
ဗင်းဆင့်ဗင်ဂိုး
ဂျက်လန်ဒန်
မာယာကော့ဖ်စကီး
ဟဲမင်းဝေ
သူတို့လမ်းကို သူတို့ ရွေးခဲ့တယ်
သူတို့ဘဝကို သူတို့ သိခဲ့တယ်
လူ့ဘဝမှာ
အကြာကြီးနေပြီး အသုံးမကျ
ဆန်ကုန်မြေလေးဘဝတော့ မလိုချင်
ဘဝမှာ
အာကာသမှာ
အချိန်ကာလမှာ
အချိန်အကြာကြီး နေစရာ မလိုပါဘူး
ဗာဂျီးနီးယားဝုဖ်
ဆယ်လ်ဗီယာပလပ်
ဂျင်းနစ္စဂျိုပလင်
ကမ္ဘာကြီးကို ချစ်လို့ စွန့်သွားခဲ့တယ်
ဘဝကို ခင်တွယ်မှုဆိုတာ
အသေခံ ဗုံးခွဲသမားတွေက
ဟားတိုက် ရယ်လိမ့်မယ် ။ ။
#လှသန်း
Done
ReplyDelete👍
ReplyDeleteမအလ လည်း ကမ္ဘာကြီးကိုချစ်လိုက်စမ်းဘာ 🙂
ReplyDeletedone
ReplyDeleteDone
ReplyDeleteBe safe.
ReplyDeleteDone
ReplyDeleteလူ့ဘဝမှာ
ReplyDeleteအကြာကြီးနေပြီး အသုံးမကျ
ဆန်ကုန်မြေလေးဘဝတော့ မလိုချင်......
Done
ReplyDelete💖💖
ReplyDelete