မမေ့သင့်သော အမှန်တရား
တော်လှန်ရေးဆိုတာ
ကိုယ့် အသိနဲ့မှ မဟုတ်ရင်
ဒွန့်ရှည်တတ်တဲ့ အရာမျိုး မို့
ခဏ ခဏ တိုက်တွန်းနေရသမျှ
ကျွန်စနစ်ဘဝ ရှည်ကြာသွားလိမ့်မယ်။
ကိုယ့်လွတ်လပ်မှု အတွက်
ကိုယ် ကိုယ်တိုင် အားထုတ်ကြ
ငှက်ကလေး ပျံသင်ကာစ လို့
ရဲရင့်မှုကို ဖော်ထုတ်ပြ
စုဖွဲ့မှု နဲ့ အနိုင်ယူ ကြမှ နီးမယ့် ခရီးပါ။
ကိုယ့်အတ္တ ကို မာန်လျော့ကြ
ကိုယ်ချင်းစာတရား ဖော်ထုတ်ပြ
အာဏာရှင်တွေ မချုပ်ငြိမ်းသေးသမျှ
ကိုယ့်အိမ် တံခါးဝ
ဘယ်သော့ခတ်ခတ် မလုံခြုံပါ...။
# သျှမ်း
Right
ReplyDeleteလောကကြီးမှာအမှားအမှန်ရှိသလိုအကောင်းနဲ့အဆိုးလဲဒွန်တွဲနေတာဘဲ။အဓိက ကကိုယ့်ရဲ့လုပ်ရပ်တော်တော်များများကမှန်နေဖို့ဘဲလိုအပ်တာပါ။ အဲလုပ်ရပ်က ကိုယ့်ရဲ့သိက္ခာပါဘဲ။
ReplyDeleteDone
ReplyDeleteဟုတ်တယ်
ReplyDelete💪💪💪
ReplyDeleteအချောင်နေအချောင်စားလူတန်းစားတွေများမှများ
ReplyDelete