Friday, May 13, 2022



ကြယ်ကြွေ ည

ရဲဘော်...
နေလိုရာနေ စေလိုရာစေသမျှ
မင်း ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေ
တိုင်းပြည် အပေါ်  ကျေ ခဲ့ပါတယ်လေ
တိုင်းပြည်က လိုတော့လည်း
မင်းဟာ အသက်ကို ရင်းတယ်
မလိုတော့လည်း မင်း 
အတင်းတွယ်ကပ် မနေခဲ့ဘူးရယ်။

အာဏာရှင် စနစ်ဆိုး အောက်
ဒူးမထောက်ဖို့ မင်းပြောခဲ့သမျှ
ငါတို့ ဘယ်အခါမှ မမေ့ ပျောက်ပါ။

ရဲဘော်ရေ....
ဆေးလိပ်တိုတစ်လိပ်  အတူသောက်ဖော်
ဂီတာတစ်လက် နဲ့ အတူပြုံးပျော် ဖူးတဲ့
မြိန်ရာ ဟင်းကောင်း တစ်ခွက်
ငါတို့အတွက် ဆုံးရှုံးခဲ့သလို
တိုင်းပြည် အတွက်တော့ သူရဲကောင်း တစ်လက် 
လမ်းတစ်ဝက် ပျောက်ရှသွားခဲ့လေခြင်း...။


# သျှမ်း

3 comments:

  1. ပေးဆပ်ရဲတဲ့သူတွေကပေးဆပ်နေငြပေမယ့်အခုထိကြောက်လို့ကောင်းတုန်းလူတွေကလဲဒနဲ့ဒေးပါဘဲ။အဲလိုလူမျိုးတွေများနေသ၍ဒီမိုကရေစီကြီးနဲ့အလှမ်းဝေးနေအုံးမှာ။တစ်ခါတစ်လေကြတော့လည်း ပေးဆပ်ပေးနေတဲ့သူတွေအတွက် မြို့ပြကြီးကစားသောက်ဆိုင်မှာစားသောက်နေကြတဲ့သူတွေ၊shopping ထွက်နေကြတဲ့သူတွေသာမြင်သွားရင်ဘယ်လောက် သူတို့ဝမ်းနည်းသွားမလဲဆိုတာခံစားမိတယ်။

    ReplyDelete
  2. လေးစားပါတယ်ဗျာ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...