Saturday, April 16, 2022




"အသက်ဘူးလေးသို့ -၁"

ဟောဒီ.....ရင်ခွင်

အစုတ်အပြတ်မှာလည်း

အမှတ်ရခြင်းတွေ 

အကန့်အသတ်နဲ့ရှိပါတယ်......

ထွက်သွားစေချင်လို့

တမင်နှင်ခဲ့တာဆိုပြီး

သံသယဝင်ခဲ့တာတွေ......

အတူထိုင်ခဲ့ဖူးတဲ့

ထင်းရှူးကွပ်ပျစ်တွေ

ဆွေးမြေ့သွားချိန်ထိ

ပြန်မတွေ့ဖြစ်တာတွေ....

တစ်ခါတလေ 

နိုးတစ်ဝက်ညတွေမှာ

အလည်လာတတ်တဲ့

အကြောင်းအရာတွေနဲ့

မိုးလင်းခဲ့ရတဲ့ မနက်ခင်းတွေ......

ဘယ်နာမ်စားမှ

သုံးခွင့်မရှိတော့တဲ့

ရောင့်ရဲ‌နေရမယ့်

အဆက်အသွယ်မရမှုတွေ.....

ပြန်ဆုံသည်ဖြစ်စေ

ပြန်မဆုံသည်ဖြစ်စေ

ကြုံကြိုက်တဲ့အခါတိုင်း

စိတ်ထဲကနေ..လှိုက်လှိုက်လှဲလှဲ

ဆုတောင်းပေးဖြစ်တယ်.....

အမြဲ အေးချမ်းပါစေ.....

ပျော်နေပါစေ.......

      ♡


 ♡

Sêcrêt Pâl

1 comment:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...