....."အသက်ဘူးလေးသို့ -၃".....
သဲသဲမဲမဲမချစ်တတ်ပေမယ့်
စွဲစွဲမြဲမြဲချစ်တာ
တစ်ယောက်တည်းပါ ~
အနေလည်း ဝေး
အခြေ(အနေ)လည်း မပေးနဲ့
အလွန်ပဲ တွေးရတယ် ~
အဝေးကပဲ ချစ်ရမလား
အချစ်ကပဲ ဝေးရမလား
ဝေခွဲလည်း မမျှ
ကြေကွဲလည်း မရတဲ့
ဒုက္ခလှလှ ~
အိပ်မက်လည်းမက
တကယ်လည်းမဟုတ်လှတဲ့
ဇာတ်မြောကြီးက
ရုန်းထွက်မရတော့ရင်လည်း ...
လူသိသူသိချစ်ခွင့်
မရတော့ရင်လည်း ...
မင်းဘေးနားနေခွင့်
မရတော့ရင်လည်း ...
အဝေးတစ်နေရာကပဲ ...
ကဗျာတွေ စာတွေနှင့်
ချော့ခွင့်မြှူခွင့်တော့ပြုပါ
အချစ်ရယ် ~
Sêcrêt Pâl
No comments:
Post a Comment