ကိုယ်ချင်းစာတတ်ဖို့လိုတယ်
အို အရှင်ဗုဒ္ဓ
ထကြည့်တော်မူပါဦးဘုရား
"ပြုသူ အသစ် ခံရသူ အဟောင်း"တဲ့
သြော် ခင်ဗျားတို့အိမ်မှ
မီးလောင်တဲ့ထဲပါမှ ပါမသွားဘဲ
ဘယ် ကိုယ်ချင်းစာတတ်ပါမလိမ့်
ပါးစပ်က "ဘုရား.. ဘုရား"နဲ့
ကိုယ် ကိုယ်တိုင်က ဘာသာရေးမှိုင်းမိနေပြီး
အကြောက်တရား ကြီးစိုးနေမှတော့
ဘယ်အမှန်တရားကို မြင်နိုင်ပါလိမ့်အံ့
ခင်ဗျားတို့ စာဘယ်လောက်တတ်တတ်
"ကိုယ်ချင်းစာ"တရားမရှိရင်တော့
လူဖြစ်ရှုံးတာပဲ့လို့မှတ်လိုက်တော့
အခုထိလမ်းမပေါ်ကသွေးတွေ မခြောက်သေးဘူး
ကိုယ်ချစ်တဲ့သူတွေဆုံးရှုံးလို့ ကျတဲ့
ရင်ဘက်ထဲက မျက်ရည်တွေအခုထိ
မခြောက်သေးဘူး
တောထဲက သူရဲကောင်းတွေ
နောင် မျိုးဆက်တွေအတွက်
အသက်ပေးပြီး နှောင်ကြိုးတွေစွန့်ပြီး
တော်လှန်နေကြတုန်း
ခင်ဗျားတို့
ကြောက်နေကြသေးရင်
သွေးအေးနေသေးရင်
အတ္တကြီးစိုးနေသေးရင်
ကိုယ့်ပါးကို ၃ချက်လောက်ရိုက်ကြည့်
အိပ်မက် မဟုတ်တာ ခင်ဗျားသိလိမ့်မယ်
Zeus

No comments:
Post a Comment