သိပ်တော် သိပ်ထက်မြက်တဲ့လူတစ်ယောက်
အကျင့်စာရိတ္တမကောင်းရင်
သိပ်ကြောက်စရာကောင်းတယ်
ဟစ်တလာဆိုတာမင်းတို့သိမှာပါ
သိပ်တော်တာ မဟုတ်တဲ့နေရာ
သွားတော်နေသလိုဖြစ်တာပေါ့
အကျင့်မကောင်းဘူး အာဏာရူး
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်ဆို
ငါအချစ်ဆုံး
သူတို့မှာ နှလုံးသားရှိလို့
ဥစ္စာရူးရယ် အာဏာရူးရယ်ကိုတော့
ငါအမုန်းဆုံးပဲ
သူတို့မှာ နှလုံးသားမရှိဘူး
တစ်ချိူ့ အာဏာရှိတဲ့ကောင်တွေက
အလကားနေရင်းလည်း အာဏာကပြချင်နေတာ
ကားအသစ်လေး ဝယ်ထားတဲ့လူတွေလိုပေါ့
ဘာမှမဟုတ်ဘဲလည်း ဟွန်းထတီးချင်တီးနေတာ
အာဏာလေးရှိလာလို့ အာဏာတွေပါဝါ
တွေပြနေရင်အဲ့ဒီကောင်အာဏာနဲ့မတန်တဲ့ကောင်ပဲ
ပိုက်ဆံချမ်းသာလို့ မောက်မာနေရင်
အဲ့ဒီကောင် ပိုက်ဆံနဲ့မတန်တဲ့ကောင်ပဲ
-အောင်သင်း
❤✅too
ReplyDeleteဟုတ်တယ် ဆရာကြီးရေ
ReplyDeleteအဲထဲမှာ မအလကတော့ တော်လည်းမတော်၊ ထက်လည်းမထက်၊ အကျင့်စာရိတ္တလည်းမကောင်း ဒီကြားထဲ အာဏာကရူးတော့ ပိုဆိုးပေါ့ ခင်ဗျာ၊ အဲလိုလူလက်မှာ လက်နက်ကိုင်ခွင့်ရနေတာ ဒီနိုင်ငံသားတွေအတွက် အန္တရာယ်ဆိုးကြီးပါပဲ :'(
ရူးတဲ့သူကအာဏာပြတော့
ReplyDeleteကျန်တဲ့သူတွေခံရတာပေါ့
done
ReplyDeleteOmnn
ReplyDelete