ဒီတခါမင်းတို့အလှည့်
လွတ်လပ်ချင်တဲ့ စိတ်ထားဟာ
လူသားရဲ့ မွေးရာပါဇာတိ
ဘာမသိ ညာမသိနဲ့
ပါဠိတွေ အာဂုံရွတ်သလို
လွတ်လပ်ရေးဂါထာကို
ရွတ်နေခြင်းမဟုတ်။
လူဖြစ်ရပါလျက် အမှောင်မိုးချုပ်မှာ
နှောင်ကြိုးတုပ်ခံရသလို
မြန်မာ့ကံကြမ္မာကို
ရင်နာနာနဲ့ အော်ဟစ်လို့
ကြွေးကြော်နေရတဲ့ ငါတို့ဘဝ
သုညက စနေရတယ်။
ကမ္ဘာတခွင်မှာ
အာဏာရှင်တွေပြိုကျနေပေမယ့်
ချစ်အပ်သမျှ မြန်မာ့မင်းမြေမှာ
စစ်တပ်က စစ်ဖိနပ်နဲ့ နင်းချေလို့
အတွင်းကြေကြေနေရတာ
အားလုံးအသိ။
ကမ္ဘာရွာခေတ်မှာ
ကဗျာဆရာအဖြစ်ကတော့
အာဏာရှင်စနစ်ကို
ကလောင်နဲ့တိုက်
အမှောင်တိုက်ကို ဖြိုခွင်းနေရတုန်းပါ။
ငါ့ပြည်ကို ငါချစ်သော်လဲ
ငါပစ်လို့ ပြေးခဲ့ရ
စစ်ခွေးတွေက ဟိန်းတုန်းမို့
လွယ်အိတ်တလုံး ပခုံးချိတ်ပြီး
ကဗျာစာလိပ် ခါးကြားထိုး
ဓါးမိုးနေတဲ့
အာဏာရှင်လက်ကလွတ်အောင်
ပုဆိုးကျွတ်လို့ ဘောင်းဘီဝတ်ပြေးခဲ့ရပြီ။
ဒီတခါ ပြေးရမှာက
မင်းတို့အလှည့်
ငြင်းဖို့ ကွယ်ဖို့တော့ မကြံလေနဲ့ဟေ့။
-တင်မိုး
ဆရာကြီးမွေးနေ့အမှတ်တရ
ဆရာ့ကဗျာတွေရှင်သန်နေဆဲပါ။
(၁၉၃၃-၂၀၀၇)
Welcome to March!
ReplyDeleteBring happiness............
Bring a lot of good luck..........
Please bring lots of love.......
Help prevent the stars from falling............
Dear March, you're going to be with me for a month, so bear with me my insanity��
.....................♥Htet.........................
ဒီနွေဦးနဲ့အတူ အာဏာရှင်တွေကို
ReplyDeleteအပြီးတိုင်မောင်းထုတ်ကြမယ်
နေ့ရက်တိုင်း တထောင့်တနေရာမှာအမြဲရှိပါတယ်
ReplyDeletefighting together pr❤✅