လူငယ် စိတ္တဇ
အိမ်တံခါးဝက
ခေါင်းလောင်းလေးတွေအတိုင်း
လှုပ်လိုက်တိုင်း အသံမြည်ကြ
ရေကို ရေလိုရုပ်ရှင်ရိုက်ချင်
မီးကို မီးလိုသီချင်းဆိုချင်
အသစ်ကို အသက်ရှင်ရသလို အားကျတယ်
အနှိမ်ခံနိုင်တဲ့ သက်မဲ့ရယ်
ဓာတ်တိုင်လို
လမ်းမမှာရပ်လို့
ဇိမ်ခံတတ်တဲ့ သက်ရှိရယ်
ခေါင်းတိုင်လို
ဆေးလိပ်မီးခိုး အဆက်မပြတ်မှုတ်ထုတ်လို့
ခင်ဗျားဖို့
ကျွန်တော့်ဖို့
အမှန်တရားက စိုစွတ်တယ်
ဒါပေမဲ့ မအေးဘူး
အရိုက်ခွဲခံဖို့ ဦးခေါင်းပေါ့
မျှော်သံလေးမှာ နူးညံ့ဖို့မျက်ရည်အိတ်ပေါ့
ဒီလို စိတ္တဇနဲ့
လူငယ်
သတ္တိကောင်းတယ်
ပိုက်ဆံမရှိဘူး။
-ခိုင်မြဲကျော်စွာ
Done
ReplyDeleteလူငယ်
ReplyDeleteသတ္တိကောင်းတယ်
ပိုက်ဆံမရှိဘူး။
C4T
ReplyDeleteDone
ReplyDeleteစိတ်ရင်းမပါ စိတ်မမှန်တတ်တဲ့
ReplyDeleteသူတွေမှန်းတတ်လာတရ်
"သုခနဲ့ အစီစဥ်တကျ
ReplyDeleteမပျော်နိုင်တော့ဘဲ
ဒုက္ခနဲ့ပဲ ကြုံရာကျပန်း
ရယ်ရတာကြာပေါ့"
မယုယုဝေ
(ဖေဖော်ဝါရီ ၂၈ ၂၀၂၂)
အရှက်မဲ့သူကို
Deleteအသက်နဲ့ပစ်ပေါက်နေရတဲ့,
ဝဋ်ကြွေး တိုင်းပြည် ။ ။
မောင်လှမျိုး(ချင်းချောင်းခြံ)
* လူ့စည်း ဘီလူးစည်း
ReplyDelete(သို့မဟုတ်)
* အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းသူမှန်သမျှ
ပြတ်ပြတ်သားသားဆန့်ကျင်ကြ
ကျနော်တို့ လူ့အသိုင်းအဝိုင်းမှာ
"လူ့စည်း ဘီလူးစည်း" ဆိုတာ ရှိတယ်။
ကျနော်တို့ ပြည်သူများက
အကြမ်းဖက် စစ်အုပ်စုကို
ဘာအကြောင်းနဲ့မျှ
လူရာမသွင်းဖို့ လိုအပ်တယ်။
-Dr TayZarSan
*(ရန် ငါ ပြတ်ကြဖို့ ဒီစာစုအား ထပ်ဆင့်မျှဝေပါသည်)
သတ္တိကောင်းတဲ့ လူငယ်တွေကို
Deleteလူကြီးတွေ ထောက်ပံ့ပေးကြပါ...။။
Click
DeleteDone
ReplyDelete🤡
ReplyDeletedone
ReplyDeleteDone
ReplyDeleteစကစ ထိပ်ပိုင်းအုပ်စု ကို မုန့်ဟင်းခါး ကျွေးနိုင်လျင် ပွဲ မြန်မြန်ပြီးပါမည်။ အထူးပွဲအတွက် အထူးအစီအစဥ်တော့ လိုသည်ပေါ့ ။
ReplyDelete