Wednesday, March 2, 2022

မီးပုံထဲကဘဝများ
ပြာပုံထဲကဘဝများ
ပြန်ထပါစေ..
ပြည်သူအများ
အရှုံးမှ ပြန်ထပါစေ..
ငါတို့တိုင်းပြည်ကြီး 
စစ်မီးငြိမ်းပါစေ......။

-အောင်ချိမ့်

19 comments:

  1. နိင်ရာတာဝန်ထမ်းကြရင်း..
    လိုအပ်သောနေရာလိုအပ်​ေသာကူညီများပေးနိင်ရကြ
    ရပါစေ

    ReplyDelete
  2. "သုခနဲ့ အစီစဥ်တကျ
    မ​ပျော်နိုင်​တော့ဘဲ
    ဒုက္ခနဲ့ပဲ ကြုံရာကျပန်း
    ရယ်ရတာကြာ​ပေါ့"

           မယုယု​ဝေ
          (​ဖေ​ဖော်ဝါရီ ၂၈ ၂၀၂၂)

    ReplyDelete
    Replies
    1. အရှက်မဲ့သူကို
      အသက်နဲ့ပစ်ပေါက်နေရတဲ့,
      ဝဋ်ကြွေး တိုင်းပြည် ။ ။

      မောင်လှမျိုး(ချင်းချောင်းခြံ)

      Delete
  3. --- အလှဆုံးခေတ် ---

    အကျဉ်းကျနေတဲ့ နေရောင်အောက်မှာ
    အသက်ရှူရတာကအစ မလွတ်လပ်

    လေဟာ မောပမ်း
    မြေဟာ နွမ်းနယ်

    ဝေးကွာခြင်းဟာ
    မီးရထားသံလမ်းများကို
    အရည်ပျော်ကျသွားစေတယ်

    စစ်ကြီးပြီးရင်
    ခန်းစီးအသစ်တွေလဲကြမယ်

    ပျော်စရာကောင်းတဲ့
    ဖျော်ရည်တွေသောက်ကြမယ်

    ဘုရားစင်ပေါ်မှာ
    အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ်

    တောင်းရမယ့်ဆုက
    ချစ်သူများသာ အဓွန့်ရှည်ပါစေ....။

    - ကြည်ဇော်အေး

    ReplyDelete
  4. တိုင်းပြည်ကြီး အမြန်ဆုံး​အေးချမ်းပါ​စေ

    ReplyDelete
  5. စစ်အာဏာရှင်စနစ်အမြန်ကျဆုံးပါ​စေ

    ReplyDelete
  6. မီးပုံထဲကဘဝများ
    ပြာပုံထဲကဘဝများ
    ပြန်ထပါစေ..
    ပြည်သူအများ
    အရှုံးမှ ပြန်ထပါစေ..
    ငါတို့တိုင်းပြည်ကြီး
    စစ်မီးငြိမ်းပါစေ......

    ReplyDelete
  7. ပြန်ထနိုင်ပါစေ

    ReplyDelete
  8. စကစ ထိပ်ပိုင်းအုပ်စု ကို မုန့်ဟင်းခါး ကျွေးနိုင်လျင် ပွဲ မြန်မြန်ပြီးပါမည်။ အထူးပွဲအတွက် အထူးအစီအစဥ်တော့ လိုသည်ပေါ့ ။

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...