|| ခြေရည်ပျက် လူငယ်ဘဝများ ||
======================
တရုတ်ဖြစ် ဂျင်းဘောင်းဘီ အိပ်ကပ်ထဲ လက်ထိုးနှိုက်
ဆံပင်ကို စျေးပေါပေါ ဂျယ်လ်နဲ့ မတ်မတ်ရပ်
ကိုယ့်မြို့ကိုယ် သူများတွေက နယ်လို့ခေါ်မှန်းမသိခဲ့ရတဲ့နှစ်များ
စစ်အေးကာလ အဆုံးသတ်ပြီးချိန်မှ
ပူပူလောင်လောင် မွေးဖွားကြီးပြင်းရသူတွေ
ဘာလင်တံတိုင်းပြိုကျတာ မမီပေမယ့်
ကျောင်းနံရံကို ကျော်ပြီး ကွမ်းယာဆိုင်သွားထိုင်လို့ရမှန်း သိနေခဲ့တဲ့နှစ်များ
ကမ္ဘာကြီးကို ချောင်းကြည့်ပေါက်ထဲကကြည့်ဖို့
အင်တာနက်ဆိုင်က ကွန်ပျူတာထဲ ရိုက်ထည့်လိုက်တော့လဲ ပွန်းန်ဆိုဒ်နဲ့ ဂျီတော့ခ် ပဲ
ဒီ့ထက်ပိုပြီး တက်မလာ
ဒီ့ထက်ပိုပြီး တတ်မြောက်မလာ
ဒီ့ထက်ပိုပြီး မွဲခြောက်လာခဲ့ယုံ
ဆံပင်ကို ရန်ရှာ
ခေတ်ရေစီးကြောင်းကို ရန်ရှာ
ကျောင်းပညာရေးကို ရန်ရှာ
ငါတို့ လူလားမြောက်တဲ့ခေတ်ဟာ
လက်ခလယ်ထောင်ပြချင်ရင်တောင်
ဘယ်သူ့ကို လက်ခလယ်ထောင်လို့ ထောင်ပြရမှန်းမသိ
အသင့်စားသုံး ဘာသာရေး
အရက်နဲ့ စီးကရက်
ကမ္ဘာပေါ်မှာ ဘာဝါဒတွေ ခေတ်စားမှန်းမသိ
နယူးဟမ့်ရှိုင်းယား က အထက်တန်းကျောင်းသားလေးတစု မောင်းသူမဲ့ ထောက်လှမ်းရေးဒရုန်းကို ထွင်လိုက်တဲ့အချိန်
ငါတို့က တစ်ရာတန် သီချင်းစာအုပ်ကို သုံးယောက်စုဝယ်ပြီး ဂီတာလက်ကွက်တွေ ကြည့်တီးလို့ကောင်းတုံး
အတန်းထဲက တရုတ်မလေးကို စာလိုက်ပေးတဲ့ကောင်ကို ကျောင်းဆင်းချိန် ဆွမ်းကြီးလောင်းဖို့ ချိန်းကြိုးတွေ ပြင်လို့ကောင်းတုံး
ကမ္ဘာသုံး ဘာသာစကားပြောသင်တန်း တက်နိုင်တဲ့ကောင်ကို ငေးကြည့်ရ
အယ်လ်စီစီအိုင် အဆင့်နှစ် တက်ခဲ့ဖူးတဲ့ သူငယ်ချင်းမကို မော့ကြည့်ရ
ငွေနောက်ပြေးလိုက်ဖို့ အိမ်နီးချင်းနိုင်ငံတွေဆီထွက်သွားပြီး ပြန်လာတဲ့ ဘော်ဒါကို အားကျရ
ဘော်ဒီရှိန်းမင်းမသိ
ချေဂွေဗားရား မသိ
တော်လှန်ရေး မသိ
ဧရိယာငါးဆယ့်တစ်ကို မသိ
ဆိုက်ဘာစစ်ပွဲဖြစ်ခဲ့တာကိုမသိ
အဆုံးစွန်သော ကမ္ဘာကိုခြေဆန့်မှုအဖြစ်
အင်အား ဂျာနယ်ဖတ်ပြီး ဘောလုံးပွဲလောင်းခဲ့ယုံသာ
ငါတို့ လူငယ်ခြေရည်ပျက် ဘဝ ။
ပိုင်သစ်မိုဃ်း
အောက်တိုဘာ၊အေဒီ၂၀၂၁
Fight For Freedom..
ReplyDeleteမတရားမှု မှန်သမျှ ငုံမခံ
ခုခံတိုက်ခိုက်ခြင်းသည် ငါတို့တာဝန်
မတရားမှုကို အဆုံးသတ်မပစ်ဘဲ
ReplyDeleteအလိုက်သင့် နေထိုင်ရင်းနဲ့
ပါးစပ်ကနေ ပြောနေရုံဆိုရင်
ကိုယ်တိုင် မတရားမှုမှာ ပါဝင်နေတဲ့သဘောပါပဲ။
သူတို့ကို ဆန့်ကျင်တဲ့သူဟာ
သမိုင်းဖြစ်လာတာပါပဲ။
RAATCHASI
(အိန္ဒိယရုပ်ရှင် 2019)
done
ReplyDeleteDone ❤️
ReplyDeleteလေးစားမိ။ C2D မှာရောတွေ့။ ကျနော်တော့ ခုမှ ကလစ်ဖြစ်တာ။ ညကမှလင့်တွေပြန်စုထားလို့။
ReplyDeleteOk
ReplyDeleteever
ReplyDeleteကချင်ဖက်ရော တွံတေ ကော့မှုး channel တိုင်းရှိပါတယ်ရှင့်
ReplyDeleteတိုင်းရင်းသားပြည်သူအားလုံးရဲ့ ဘဝနဲ့အနာဂတ်ကို
ReplyDeleteအာဏာရူးသူတွေလက်ထဲ အပါမခံနိုင်သူတိုင်း
ငုံ့မခံပဲသတ္တိမွေးပြီး ထောက်ပံ့ကြရမယ့်အချိန်ပါ
မှန်တာပြောရင် ရွာအပြင်ထုတ်ခံရမယ်တဲ့...
ReplyDeleteလာခဲ့ဗျာ ကျနော်တို့တွေမှန်တာပြောရင်း
ရွာပြင်မှာ မြို့တည်ကြမယ်
"နယူးဟမ့်ရှိုင်းယားက အထက်တန်းကျောင်းသားလေးတစု မောင်းသူမဲ့ ထောက်လှမ်းရေးဒရုန်းကို ထွင်လိုက်တဲ့အချိန်
ReplyDeleteငါတို့က တစ်ရာတန် သီချင်းစာအုပ်ကို သုံးယောက်စုဝယ်ပြီး ဂီတာလက်ကွက်တွေ ကြည့်တီးလို့ကောင်းတုန်း"
*ခေတ်ပျက်ကြီးရဲ့သားကောင်တွေ ငါတို့လူငယ်ဘဝ
This comment has been removed by the author.
ReplyDeleteDone
ReplyDelete