Saturday, February 19, 2022



ဖြေတွေး(၃)
*********

သက်သတ်လွတ်ကျည်ဆန်တစ်တောင့်
ရယ်လို့ကြားဖူးပါစ/သလား။

ဖားကြောင့်အသံတွေသေခဲ့ရတာ
သင်သိပါသလား/ပါစ။

လှေကြောင့်ငါးတွေပုပ်ကုန်တာ
တွေ့ဖူးသလား/ပါစ။

ဂိုးသွင်းစံချိန်တင်တဲ့ဂိုးသမား
ကြုံဖူးသလား။

ကိုယ့်နာမည်ကနေနုတ်ထွက်သွားတဲ့လူတွေကတော့
အများသားပါကလား။

ဘာအရက်သောက်တာလဲဆိုတာထက်
ဘယ်သူနဲ့သောက်တာလဲဆိုတာ
ပိုအရေးကြီးတယ်။

အလှူခံပုံးထဲငွေထည့်ဖို့ထက်
ခါးပိုက်နှိုက်ဖို့ကပိုခက်တယ်ဆိုတာ
တွေးမိသလား။

အမြင့်ဆုံးတော်လှန်ရေးထဲမှာ
အိပ်ချင်စိတ်ကိုတွန်းလှန်ရတာ
အခက်ဆုံးဆိုတာလက်ခံပါသလား။

ကိုယ့်ကိုယ်ကိုယ်ပြန်ဖားနေတဲ့လူကို
မြင်ဖူးပါသလား။

မြစ်ကစီးဆင်းသွားတာမဟုတ်ဘူး
မြေကြီးကရွေ့သွားတာ။

သူခိုးကိုယ်တိုင်ကထိုးကွင်းနဲ့ဆိုတော့
ကျွန်တော်ပဲပြေးရတော့တာပေါ့။

ရွာတောင်ဆုံးနေပြီ
လမ်းကမတွေ့သေးဘူး။

မုန့်ဆီကြော်တွေလည်း
ထူးထူးခြားခြားသိုးကုန်ပြီ။
နှုတ်ခမ်းနာကမပေါက်သေးတာခက်တယ်။

ကမ္ဘာ့အကြီးဆုံးလက်ထိတ်ကြီးနဲ့
ခတ်လို့ရပါသလား။
အဆိုးဆုံးရာဇဝတ်သားမို့
အကြီးဆုံးလက်ထိတ်နဲ့ခတ်လို့ရပါသလား။

ကိုယ့်အမှားကိုပြုပြင်ဖို့ထက်
ခွင့်မလွှတ်ရကောင်းလားလို့
ပြန်ပြီးအပြစ်တင်လို့ရပါသလား။

လမ်းမှားတွေအများကြီး
လမ်းမှန်ကတစ်ခုတည်း။

အခက်တကာ့အခက်ထဲမှာ
လူကောင်းယောင်ဆောင်ရတာ
အခက်ဆုံးပဲ။

သဘောထားကွဲလွဲခြင်းဟာ
ညီညွတ်ခြင်းရဲ့လမ်းစပဲ။

ရွှေဆယ့်ငါးပဲရည်ကိုမမြင်ဘူး
ကြေးတစ်ပဲသားကိုမြင်တယ်။

ဆွမ်းဆန်ထဲကြွက်ချေးရောတာနဲ့
အိမ်သာတွင်းထဲလက်စွပ်ပြုတ်ကျတာ။။

#ဆရာမင်းလူ

11 comments:

  1. ကလစ်နှိပ်ရင်း လူတွေကိုစရင်းနောက်ရင်း အာဏာသိမ်းခံထားရတယ် ဆိုတဲ့ခံစားချက်ကိုမေ့အောင်နေနေပေမဲ့

    fbတချက်ဝင်ကြည့်ပြီး ကြယ်တွေကြွေနေတာ ရဲဘော်တွေတောထဲ ဒုတ်ခ ခံစားနေရတာ မိသားစုတွေဝေးနေရတာ

    အိမ်တွေချိတ်ပိတ်ခံရတာ တချို့ မိသားစုတွေ ပြန်ဆုံခွင့်မရှိတော့တာ အဲသတင်းတွေမြင်ရင် မျက်ရည်မဆည်နိုင်ဘူး

    အနာဂတ်တွေ အများကြီးရှိတဲ့ ခလေးတွေ တိုင်းပြည်အတွက် အများကြီးအလုပ်ကြိုးစားပေးနေတဲ့လူကြီးတွေ ဘယ်လ်ုလုပ်ပြီး ကယ်ထုပ်ရမလဲ

    ကိုယ်နဲ့မဆိုင်သလိုနေနေတဲ့လူတွေကရော ဘယ်လိုလူတွေလဲ
    သူတို့မှာ နှလုံးသားမပါတာလား

    တနေ့တရက်မှ ရေသာမခိုပဲကြိုးစားနေပေမဲ့ တနေ့တရက်မှ လိပ်ပြာလုံလုံနဲ့ မအိပ်နိုင်ဘူး

    ငါတို့တနိုင်ငံလုံး အနာဂတ်တွေပျောက်နေဆဲပဲ😭😭😭😭

    ခုလဲကြိုးစားဆဲအဆုံးထိလဲကြိုစားပါအုံးမည်။

    စနေနောက်နေ ပျော်နေနေတာက အဲလိုမနေရင် တချိန်လုံးတွေးပြီးငိုနေရလို့ပါ😭😭😭

    ReplyDelete
    Replies
    1. မနက်ဆိုပျော်အောင်နေလို့ရပေမဲ့ ညဖက်ဆိုမအောင့်အီးနိုင်တော့ဘူးဗျ ခံစားနေရတာတွေရင်နဲ့မဆံ့တော့ဘူး

      Delete
  2. မတရားမှုကို အဆုံးသတ်မပစ်ဘဲ
    အလိုက်သင့် ​နေထိုင်ရင်းနဲ့
    ပါးစပ်က​နေ ​ပြော​နေရုံဆိုရင်
    ကိုယ်တိုင် မတရားမှုမှာ ပါဝင်​နေတဲ့သ​ဘောပါပဲ။
    သူတို့ကို ဆန့်ကျင်တဲ့သူဟာ
    သမိုင်းဖြစ်လာတာပါပဲ။
       
                                     RAATCHASI
                               (အိန္ဒိယရုပ်ရှင် 2019)         

    ReplyDelete
  3. မျှော်လင့်ချက်တွေနဲ့ ပတ်သက်ရင်
    ကျမတို့အားလုံး တူညီကြပါတယ် ..

    ပါဝင်ပေးနိုင်မှုတွေနဲ့ ပတ်သက်လာရင်တော့
    ကျမတို့ နည်းနည်း ကွဲပြားကြတယ် ..

    လူအချို့က
    အရိပ်မှာနေရင်း နေပူကြောက်ကြရှာတယ်🌸

    ReplyDelete
  4. မှန်တာ​ပြောရင် ရွာပြင်ထုတ်ခဲ့ရမယ်တဲ့...
    လာခဲ့ဗျာ ကျ​နော်တို့​တွေမှန်တာ​ပြောရင်း
    ရွာပြင်မှာ မြို့တည်ကြမယ်

    ReplyDelete
  5. "သဘောထားကွဲလွဲခြင်းဟာ
    ညီညွတ်ခြင်းရဲ့လမ်းစပဲ....။"

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...