Friday, February 18, 2022



တော်လှန်ရေးဆိုတာ ချစ်ခြင်းမေတ္တာပဲ ။
ကြီးမြတ်တဲ့ အချစ်စိတ်ကြောင့် 
တော်လှန်ရေးသမား ဖြစ်လာခဲ့တာပဲ ။

လူ့အဖွဲ့အစည်းကို ချစ်တဲ့စိတ်
တရားမျှတမှုကို ချစ်တဲ့စိတ်
အမှန်တရားကို ချစ်တဲ့စိတ်တွေကြောင့်
ကျုပ် တော်လှန်ရေးသမား ဖြစ်လာခဲ့တာပဲ  "

#ချေဂွေဗားရား 
၁၉၂၈-၁၉၆၇

21 comments:

  1. အရမ်းခက်ခဲတဲ့အခါ
    ဟိုးအဝေးအနာဂတ်ကို သိပ်မတွေးပါနဲ့။
    ဒီကနေ့ကိုပဲကြိုးစားကျော်ဖြတ်နိုင်ဖို့
    ကိုယ့်ကိုယ်ကိုယ် အားပေးကြည့်ပါ။
    "ဒီနေ့ကိုကျော်ဖြတ်မယ်" ဆိုတာ
    အခက်အခဲအားလုံးအတွက် ကျိန်စာပါ။
    ဒီကနေ့ကို အားတင်းကျော်ဖြတ်ရင်း
    တစ်ရက်ပြီးတစ်ရက်
    အခက်အခဲကနေ လွတ်မြောက်ခဲ့ကြတာပဲ မဟုတ်လား....

    #crd

    ReplyDelete
  2. မတရားမှုကို အဆုံးသတ်မပစ်ဘဲ
    အလိုက်သင့် ​နေထိုင်ရင်းနဲ့
    ပါးစပ်က​နေ ​ပြော​နေရုံဆိုရင်
    ကိုယ်တိုင် မတရားမှုမှာ ပါဝင်​နေတဲ့သ​ဘောပါပဲ။
    သူတို့ကို ဆန့်ကျင်တဲ့သူဟာ
    သမိုင်းဖြစ်လာတာပါပဲ။
       
                                     RAATCHASI
                               (အိန္ဒိယရုပ်ရှင် 2019)         

    ReplyDelete
  3. သွေးအေးမသွားကြပါနဲ့ ပေးဆပ်ထားရတာ လူငယ်တွေရဲ့ ဘဝတွေ အသက်တွေ

    ReplyDelete
  4. ဘယ်​တော့မှ သွေးမ​အေးဘူး

    ReplyDelete
  5. ခြင်္သေ့က မြက်မစား
    ကျားက ကြွက်မချောင်း
    ဖွတ်တွေက မိကျောင်းလို မနေ
    အိုးဝေ … အိုးဝေ … တွန်သံနှောလေတဲ့
    စိမ်းမြညို ဟောဟိုတောဆီသို့
    အမောခံ ဇောမာန်တင်းပါလို့
    ပျံရင်းသေ ခရီးဆက်မယ် … တဲ့
    ( အဲဒါ … )
    ငှက်တို့သမိုင်း ။ ။

    ReplyDelete
  6. မှန်တာ​ပြောရင် ရွာပြင်ထုတ်ခံရမယ်တဲ့...
    လာခဲ့ဗျာ ကျ​နော်တို့​တွေမှန်တာ​ပြောရင်း
    ရွာပြင်မှာ မြို့တည်ကြမယ်

    ReplyDelete
  7. 𝑪𝒉𝒆ပြောခဲ့တဲ့ "တော်လှန်ရေးဟာ ချစ်ခြင်းမေတ္တာပဲ"၊

    "ကြီးမြတ်တဲ့အချစ်စိတ်ကြောင့်ဖြစ်တည်လာတယ်" ဆိုတာ တကယ်မှန်တယ်

    နွေဦးတော်လှန်ရေးမှာ ရင်ဘတ်တူသူ တစိမ်းတွေ ခင်မင်ရင်းနှီးလာကြတယ်၊

    တယောက်မျက်နှာတယောက် မကြည့်ချင်လောက်အောင် မုန်းလှပါချည်ရဲ့ဆိုသူတွေ

    ချစ်ခင်သင့်မြတ်သွားကြတယ်။ တော်လှန်‌ရေးဆိုတာ....

    လူ့အသိုင်းအဝိုင်းကိုချစ်လို့ အဆိပ်အတောက်ဖြစ်စေတဲ့လူ့အန္ဓတချို့ကိုဖယ်ရှားချင်တဲ့စိတ်

    အဖိနှိပ်ခံလူတန်းစားကိုချစ်တဲ့စိတ်၊ တရားမျှတမှုကိုချစ်တဲ့စိတ်

    "တော်လှန်ရေးဆိုတာ ချစ်ခြင်းမေတ္တာပဲ" မှန်တယ် 𝑪𝒉𝒆 ..


    ReplyDelete
  8. လူသားဆန်တဲ့စိတ်
    မတရားတာတွေ့ရင်မနေနိုင်တဲ့စိတ်
    အားနည်းတဲ့သူတွေဖက်က ရပ်တည်ပေးချင်တဲ့စိတ်ကြောင့် တော်လှန်ရေးရဲ့တစ်စိတ်တစ်ဒေသအနေနဲ့ ပါ၀င်နိုင်ရာ၀န်ထမ်းနေပါတယ် 🦾

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...