နောက်ဆုံးမျက်ရည်
==============
ယုံကြည်ရာကို
ခြေလှမ်းဖို့အတွက်
အသက်ကိုပေးရဲခဲ့တဲ့
လူငယ်တွေ...။
ကျွန်နော်တို့ အလှည့်
ကျွန်နော်တို့ တာဝန်ကျေစေရမယ်
ကျွန်နော်တို့ နောက်မျိုးဆက်တွေ
အာဏာရှင်လက်အောက်
မထားခဲ့နိုင်ဘူး
ကြွေးကြော်လို့
နိုင်ငံအတွက်
အသက်ကို လဲဝံ့ခဲ့တဲ့
တော်လှန်ရေးရဲဘော်တွေ..။
အသက်ပေးခဲ့ကြတဲ့
အာဇာနည်
သူရဲကောင်းတွေ...။
သူတို့အတွက်
ဝမ်းနည်းရုံနဲ့ မပြီးသေးဘူး
စိတ်ဓာတ်ကြနေရုံနဲ့ မပြီးဘူး။...
သူတို့လဲ ငါတို့ကို
အဲ့လိုမဖြစ်စေချင်ကြဘူးလေ..။
သူတို့ နောက်ဆုံးထွက်သက်မှာ
မှာသွားခဲ့တာ.........
သူတို့အတွက်ပါ
ပိုပြီး ကလဲ့စားချေပေးပါ
အသက်နဲ့ရင်းပြီး
စစ်အာဏာရှင်ကို
တိုက်ထုတ်ခဲ့ကြတာမို့
သွေးအေးမသွားပဲ
ဆက်ပြီးတော်လှန်ပေးကြပါတဲ့...
သူတို့ အလှည့်တော့ ပြီးပြီ
သူတို့ နောက်ဆုံးအချိန်ကိုရောက်ပြီ
သူတို့ကိုယ် သူတို့
တာဝန်မကျေခဲ့ကြဘူးလို့
ခံစားရတယ်တဲ့...
မင်းတို့အားလုံး နိုင်အောင်တိုက်ပါဆိုတဲ့
နောက်ဆုံးအမှာ ပါးလိုက်ကြတယ်....
နောက်ဆံတင်းတဲ့ အကြည့်နဲ့
အံ့တကြိတ်မှာ
သူတို့ ကြယ်တွေလို ကြွေခဲ့ရတယ်...။
တော်လှန်ရေး အောင်မြင်ပြီးတဲ့နေ့
အေးချမ်းရာ ဘုံဘဝကို
ပျော်ရွှင်စွာ သွားကြမယ်တဲ့လေ...။
လဲရင်ပြန်ထ သဘာဝမို့
ဝမ်းနည်းနေရုံနဲ့ မပြီးသေးဘူး
ဝမ်းနည်းပြရုံနဲ့ မလုံလောက်ဘူး
လျော့သွားတဲ့အားကို ဖြည့်တင်းပြီး
သူတို့အတွက်ပါ နှစ်ဆတိုးလို့
ငါတို့ ရုန်းကြရအောင်...။
အာဏာရူးတွေကို
မောင်းထုတ်မယ့်ပွဲမို့
ဒီတော်လှန်ရေးဟာ
ငါတို့အားလုံးနဲ့ ဆိုင်တယ်
ဒါ ငါတို့ရဲ့
သမိုင်းပေး တာဝန်....။
HAM
done
ReplyDeleteThis comment has been removed by the author.
ReplyDeleteငါတို့မှာ ငါတို့ရှိတရ်..
Deleteစစ်အာဏာရှင် လက်အောက်နေရခြင်းထက်
သေခြင်းက ပိုမြတ်သည်
done
ReplyDeleteမတရားမှုကို အဆုံးသတ်မပစ်ဘဲ
ReplyDeleteအလိုက်သင့် နေထိုင်ရင်းနဲ့
ပါးစပ်ကနေ ပြောနေရုံဆိုရင်
ကိုယ်တိုင် မတရားမှုမှာ ပါဝင်နေတဲ့သဘောပါပဲ။
သူတို့ကို ဆန့်ကျင်တဲ့သူဟာ
သမိုင်းဖြစ်လာတာပါပဲ။
RAATCHASI
(အိန္ဒိယရုပ်ရှင် 2019)
ဘယ်လိုဘဲ အလုပ်ကိုစွန့်လွှတ်ထားလဲ ကိုယ်က ခုထိ comfort zone မှာ နေနေရတာကိုက စိတ်မသက်သာဘူး။ တောထဲမှာ ဒုက္ခတွေနဲ့ ရင်ဆိုင်နေတဲ့သူတွေကို အားနာတယ်။ အဓမ္မတရားအမြန်ဆုံးကျဆုံးပါစေ။
ReplyDeleteကလေးတွေက လောကကိုအလှဆင်နေတယ် သူတို့ရဲ့ သွေးတွေနဲ့ပေါ့
ReplyDelete