Tuesday, November 9, 2021

Click4Tanintharyi

"ကတ်ကြေးကိုက်"


ထားဝယ်မှာ မုန့်လက်သုပ်(မုလတ်သုပ်)စား​ကြသလိုပဲ မြိတ်(ဘိတ်)ရောက်ရင် ပထမဆုံံးလုပ်တာက ကတ်ကြေးကိုက်ရောင်းတဲ့ဆိုင်လိုက်ရှာတာပါ။မနက်စာ၊နေ့လည်စာ ၊ ညစာ ဘယ်အချိန်ချိန်ဖြစ်ဖြစ် ကတ်ကြေးကိုက်ဟာ စားရအဆင်ပြေသလို ထမင်းနဲ့ပဲစားစား အလွတ်ပဲစားစား စားကောင်းတဲ့ မြိတ်ဒေသစားစရာတစ်မျိုးပဲဖြစ်ပါတယ်။ နူးညံ့အိစက်တဲ့ ဆန်ပြားနဲ့ပုံစံတူတဲ့ မုန့်ဖတ်ပြားပြားကို ပအုန်းရည်အချဥ်လေးနဲ့ မအီအောင်ကြော်ထားတဲ့အရသာဟာ အရမ်းစားလို့ကောင်းတာကို ငြင်းလို့မရပါဘူး။ပင်လယ်စာပေါတဲ့ မြိတ်ဒေသမှာ ပင်လယ်စာလှိုင်လှိုင်ထည့်ပြီး ကြော်ကြသလို အသားဖြစ်တဲ့ ကြက်သား၊ဝက်သားနဲ့လည်း ကြော်ကြပါတယ်။ ငှက်ပျောရွက်ဖက်လေးနဲ့ အုပ်ထားတဲ့ ဖက်နံ့သင်းသင်းကတ်ကြေးကိုက်ကြော်လေးလို့ ပြောရင် မြိတ်ကို သတိရသွားမှာတော့ အသေအချာပါပဲ။
ကတ်ကြေးကိုက်ကြော်ဆိုလို့ ဆီများများနဲ့ အီနေမယ့်ပုံစံ ထင်ကောင်းထင်ပေမယ့် မတူပါဘူး။ပဲပင်ပေါက်၊ စားတော်ပဲပြုတ် တွေ ထည့်ရ​ပြီး နာမည်လည်း ထူးထူးဆန်းဆန်းနဲ့ အနံ့ရော အရသာပါ ပြည့်စုံတဲ့ ဒေသအစားအစာပါ။အနံ့လေးမွှေးဖို့ ကြက်သွန်ဖြူထောင်းထားတာလေးဆီ​ေမွှးသတ်ပြီးရင် ထည့်ချင်တဲ့ ပင်လယ်စာ၊အသားတို့ကိုပါတစ်ခါတည်း ဆီမွှေးသတ်လိုက်ရပါတယ်။ငရုတ်သီးခွဲဲဲဲဲခြမ်းမှုန့်ကိုရေနွေးလေးနဲ့စားနိုင်သလောက်ထည့်ဖျောပြီး၊ခုနကအသားတွေ ပင်လယ်စာတွေဆီသတ်ထားတဲ့အိုးထဲထည့်ပြီးရင် မုန်​့ဖတ်လေးထည့်လို့ရပါပြီ။(မုန့်ဖတ်ကတော့ဆန်ပြားလို အပြားကြီးကြီးနဲ့ပါ)။ပြီးရင်တော့ ပအုန်းရည်နည်းနည်းထည့်၊ မုန့်ဖတ်နူးအိလာပြီဆို ပဲပင်ပေါက်၊စားတော်ပဲပြုတ် ထည့်ပါတယ်။(တစ်ချို့ကလည်း ပအုန်းရည်နဲ့ငရုတ်သီးမှုန်ကို အရည်စပ်ပြီးမှ ထည့်ပါတယ်။ ပဲငံပြာရည်အကြည်နဲ့အနောက််််််််််ရညိလေးနည်းးနည်းထညိ​့ရပါမယိ။မုန့်ဖတ်လေးကို ဘေးနားဖယ်လိုက်ပြီး ကျန်နေတဲ့ဆီလေးနဲ ကြက်ဥလေးထည့်ကြော်၊ ပီးရင်တော့ ငှက်ပျောရွက်ဖက်လေးအုပ်လိုက်လို့ရပါပြီ။ဖက်ရွက်အနံ့လေးသင်းသင်း၊ပင်လယ်စာများများနဲ့ အရသာရှိတဲ့ ကတ်ကြေးကိုက်ကြော်လေးရပါပြီ။လုံးဝမအီအောင် ဘိတ်အချဥ်လေးနဲ့တွဲစားကြပါသေးတယ်။ပဲပင်ပေါက်၊ပအုန်းရည်၊ငရုတ်သီးမှုန့်တို့နဲ့စပ်ထားတဲ့ အချဥ်လေးကတော့ ပဲပင်ပေါက်ရဲ့အရသာ တကျွတ်ကျွတ်နဲ့တင် လုံးဝပီပီပြင်ပြင်အရသာရှိပါတယ်။ အရသာရှိပြီးစားကောင်းတဲ့ ကတ်ကြေးကိုက်ကြော်ကို အားရက်တွေမှာ ကြော်စားကြည့်ပါခင်ဗျာ။​ ကြော်နည်းတွေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူတာမို့ ကွဲလွဲနေတာမျိုးရှိရင် မျှဝေပေးပါအုံးခင်ဗျာ။















#photocredit










No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...