"သနပ် မုန့်တီ"
သနပ် မုန့်တီဆိုတာတော့ တနင်္သာရီ ဒေသ အစားအစာ တစ်မျိုးဖြစ်ပါတယ်။သနပ်ကို လူတိုင်းနီးပါး သိလောက်ပေမယ့် မုန့်တီနဲ့တွဲပြီး စားကြတာတော့ နည်းနည်းထူးဆန်းနေသလိုဖြစ်နေမှာပါ။
နှမ်းလှော်မွှေးမွှေး ရှောက်ရွက်အနံ့ တသင်းသင်းနဲ့ သနပ်ကတော့ အသီးအရွက်ေတွနဲ့ သုပ်ရတာပါ။ပဲတောင့်ရှည်၊ခရမ်းသီး၊ပန်းကော်ဖီ၊ပဲပင်ပေါက်၊ကြက်သွန်နီ စတဲ့ အသီးအရွက်တွေကို အတုံးသေးသေးလှီးပြီး နနွင်းမှုန့်၊ပအုန်းရည်နဲ့ရေရောထားတဲ့ရေပူဆူဆူထဲကို ထည့်ပြီးတော့ ရေနွေးဖျောရပါတယ်။နည်းနည်းနွမိးတဲ့အခါကျ ဇကာလေးနဲ့စစ်ထားပြီးတော့ စိမ်းစားငပိအရေဖျော်လေးကို မီးလေးနဲ့ ခဏကြိုပါတယ်။ကြက်သွန်ဖြူနဲ့ငရုတ်သီးဆီနာနာ သတ်ထားတဲ့ ဆီကျက်မွှေးလေးက အဆင့်သင့်ဖြစ်နေပြီဆိုရင် အသီးအရွက်၊ငပိကြိုရည်၊ဆီချက်လေးနဲ့ ရောမွှေလိုက်ရင် အနံ့ရောအရသာပါ ပြည့်စုံတဲ့ သီးစုံသနပ်လေးရပါပြီ ။နှမ်းလှော်ထောင်းလေးနဲ့ပါးပါးလှီးထားတဲ့ ရှောက်ရွက်နဲ့စပါးလင်လေးကိုတော့ သနပ်ပေါ်အုပ်ရမှာဖြစ်ပါတယ်။မုန့်တီဖတ်နဲ့ တွဲသုတ်ပြီး ငရုတ်သီးတောင့်ခြောက်ကြော်လေးနဲ့ တွဲစားကြတာပါ။ တချို့ကတော့ သနပ်ကို ငှက်ပျောဖူး၊ ပိန္နဲအကာ စသဖြင့် ရာသီပေါ်ရာ အသီးအရွက်တွေနဲ့လည်း သုပ်ကြပါတယ်။
သီးစုံသနပ်နဲ့မုန့်တီကို တနင်္သာရီတိုင်းကို လာဖြစ်ခဲ့ရင် မြည်းစမ်းကြပါခင်ဗျာ။




အိမ်မှာဒီနေ့ချက်တယ်��
ReplyDeleteလာစားမယ်😁😁😁
Deleteကြိုက်တယ်😋😋
ReplyDeleteမုန်တိဖတ်နဲ့စားတယ်
ReplyDeleteရှောက်ရွက်အနုံလေးနဲ့ကြိုက်တယ်
အယ်နေ့လုပ်စားဟယ်လာစားကြပါအေ
ReplyDeleteစားကွန်းဟိုပုံဘဲ့��������
ReplyDeleteသနပ်နဲ့မုပန်လုပ်နေလို့Clickတာနောက်ကျသွားဟယ်အေ
ReplyDeleteတတိယအကြိမ်ဝင်လို့ပီးပီအေ
ReplyDelete