Thursday, May 5, 2022



ကိုယ်နဲ့ ဆိုင်သလိုနေမှ နိုင်မယ့်တော်လှန်ရေး
--------------------------------------

ကိုယ့်သားသမီးတွေ ဒီလို 
နေရာ မရောက်သေးသမျှတော့

ဒီတော်လှန်ရေးကြီးက 
ကိုယ်နဲ့ မဆိုင်ဘူးလို့ ထင်နေကြဦးမှာပဲ

ကိုယ်နဲ့ ဆိုင်သလိုနေမှ နိုင်မယ့်
တော်လှန်ရေးကြီးပါ

တတ်နိုင်တဲ့ဘက်က
ကူညီပါ
လှူကြပါ
ကလစ်ကြပါ


San Zuren 🌸
လူဆန်ခြင်း
--------

ဘဝမှာ
မရခဲ့တာတွေ အများကြီးအတွက်
တစ်ဝက် နောင်တနဲ့ နေထိုင်တယ်

စိတ်မကုန်နိုင်သေးသော ကမ္ဘာကြီး
မိုက်လုံးကြီးမှုတွေအတွက် ခွင့်လွှတ်ပါ ။        ။

#လှသန်း
အကြာကြီးနေဖို့ မလိုဘူး
--------------------------------------

လူ့ဘဝမှာ
အကြာကြီးနေဖို့ လိုအပ်သလား

လူတွေ နေခဲ့တယ်
မြို့မငြိမ်းလည်း လိုအပ်သလောက်ပဲ နေခဲ့တယ်
ကတ်ကိုဘိန်းလည်း လိုသလောက်ပဲ နေခဲ့တယ်

ဗင်းဆင့်ဗင်ဂိုး
ဂျက်လန်ဒန်
မာယာကော့ဖ်စကီး
ဟဲမင်းဝေ
သူတို့လမ်းကို သူတို့ ရွေးခဲ့တယ်
သူတို့ဘဝကို သူတို့ သိခဲ့တယ်
လူ့ဘဝမှာ
အကြာကြီးနေပြီး အသုံးမကျ
ဆန်ကုန်မြေလေးဘဝတော့ မလိုချင်
ဘဝမှာ
အာကာသမှာ
အချိန်ကာလမှာ
အချိန်အကြာကြီး နေစရာ မလိုပါဘူး

ဗာဂျီးနီးယားဝုဖ်
ဆယ်လ်ဗီယာပလပ်
ဂျင်းနစ္စဂျိုပလင်
ကမ္ဘာကြီးကို ချစ်လို့ စွန့်သွားခဲ့တယ်

ဘဝကို ခင်တွယ်မှုဆိုတာ
အသေခံ ဗုံးခွဲသမားတွေက
ဟားတိုက် ရယ်လိမ့်မယ် ။          ။

#လှသန်း
တရားလက်လွတ်
------------

လူ့ဘဝမှာ
သံသရာကို ဆွဲဆန့်ချင်သူလည်း ရှိ
သံသရာက လွတ်မြောက်လိုသူလည်း ရှိ

ကိုယ့်မှာတော့
သံသရာကို မေ့ထား
တစ်ဘဝစာ ဗျာများ

ဘာလင်တံတိုင်းလည်း သင်္ခါရ
စိုင်းထီးဆိုင်လည်း သင်္ခါရ
လေဒီဒိုင်ယာနာလည်း သင်္ခါရ

တရား သိသလိုလို
တရား ရှိသလိုလိုနဲ့
ကိုယ့်ကိုယ်ကိုယ်
အလိုလိုက်မိတဲ့ နေ့များ ။       ။

#လှသန်း

Tuesday, May 3, 2022

မျက်ရည်

ငါ့မျက်လုံးနဲ့ အဆုံးသတ်လို့မရအောင်
ရှုမျှော်ခင်းက ရှည်လျားပြန့်ကားတယ် ။

ငါ့ဘဝလေးနဲ့ သယ်ဆောင်သွားလို့မရအောင်
ချစ်ခြင်းမေတ္တာက လေးလံကြီးမားတယ် ။

ငါ မက်နေတဲ့ အိပ်မက်ကလည်း
ငါ့ရဲ့ညနဲ့ မဆုံတော့ဘူး ။

ငါ ရွေးချယ်ခဲ့တဲ့ ဝဋ်ကြွေးတွေကလည်း
ငါ့ရဲ့နေ့နဲ့ ပေးချေလို့ မကျေတော့ဘူး ။

အချစ်ရေ....
ငါတို့ အတူနေမယ် ဆိုတဲ့ အိမ်လေးဟာလေ
ဒီဘဝနဲ့ မရောက်ရှိနိုင်တော့အောင်
ဝေးကွာလွန်းလှချည်ရဲ့ကွယ် ။ ။

_စိုင်းဝင်းမြင့်
ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကို ဖျော်ဖြေတာ
ပျော်စရာမှ မဟုတ်ပဲကွယ် ။

ဆယ့်နှစ်ကြိုးကသော
လောက၏ ကဝေလက်ချောင်းများ
ငါ့အား .... ဆွဲခေါ်
ငါ ... မမွေ့ပျော်တော့ပါပြီ အရှင် ။

#တာရာမင်းဝေ
မြောင်တို့ ကလစ်နေပြီ...
ဟူမန်းတို့ရော ကလစ်ကြရဲ့လား😊


လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...