Thursday, May 5, 2022

တရားလက်လွတ်
------------

လူ့ဘဝမှာ
သံသရာကို ဆွဲဆန့်ချင်သူလည်း ရှိ
သံသရာက လွတ်မြောက်လိုသူလည်း ရှိ

ကိုယ့်မှာတော့
သံသရာကို မေ့ထား
တစ်ဘဝစာ ဗျာများ

ဘာလင်တံတိုင်းလည်း သင်္ခါရ
စိုင်းထီးဆိုင်လည်း သင်္ခါရ
လေဒီဒိုင်ယာနာလည်း သင်္ခါရ

တရား သိသလိုလို
တရား ရှိသလိုလိုနဲ့
ကိုယ့်ကိုယ်ကိုယ်
အလိုလိုက်မိတဲ့ နေ့များ ။       ။

#လှသန်း

Tuesday, May 3, 2022

မျက်ရည်

ငါ့မျက်လုံးနဲ့ အဆုံးသတ်လို့မရအောင်
ရှုမျှော်ခင်းက ရှည်လျားပြန့်ကားတယ် ။

ငါ့ဘဝလေးနဲ့ သယ်ဆောင်သွားလို့မရအောင်
ချစ်ခြင်းမေတ္တာက လေးလံကြီးမားတယ် ။

ငါ မက်နေတဲ့ အိပ်မက်ကလည်း
ငါ့ရဲ့ညနဲ့ မဆုံတော့ဘူး ။

ငါ ရွေးချယ်ခဲ့တဲ့ ဝဋ်ကြွေးတွေကလည်း
ငါ့ရဲ့နေ့နဲ့ ပေးချေလို့ မကျေတော့ဘူး ။

အချစ်ရေ....
ငါတို့ အတူနေမယ် ဆိုတဲ့ အိမ်လေးဟာလေ
ဒီဘဝနဲ့ မရောက်ရှိနိုင်တော့အောင်
ဝေးကွာလွန်းလှချည်ရဲ့ကွယ် ။ ။

_စိုင်းဝင်းမြင့်
ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကို ဖျော်ဖြေတာ
ပျော်စရာမှ မဟုတ်ပဲကွယ် ။

ဆယ့်နှစ်ကြိုးကသော
လောက၏ ကဝေလက်ချောင်းများ
ငါ့အား .... ဆွဲခေါ်
ငါ ... မမွေ့ပျော်တော့ပါပြီ အရှင် ။

#တာရာမင်းဝေ
မြောင်တို့ ကလစ်နေပြီ...
ဟူမန်းတို့ရော ကလစ်ကြရဲ့လား😊


Monday, May 2, 2022

ပျက်ပြီးတဲ့
အပျက်အစီးတွေကြားကပဲ
ကမ္ဘာဟာ ပြန်လာမယ်

#အောင်ချိမ့်


နာရီလက်တံတွေဟာ 
နောက်ပြန်လည်တဲ့နေ့

ပျော်စရာတွေဟာ
ငါ့အပေါ်
အားရပါးရဝဋ်လည်လိမ့်မယ်...။


#အောင်ချိမ့်
စစ်အတွင်းအိပ်မက်

ချစ်သူနှုတ်ခမ်းပေါ်
လမ်းလျှောက်နေမိတယ် ။

ဟော လမ်းလျှောက်ရင်း
ကောက်ရတဲ့
သူရဲ့နှုတ်ခမ်းဆိုးဆေးတောင့် ။

အို တဖြည်းဖြည်းကြည့်ရက်က
စက်သေနတ် ကျည်ခွံဖြစ်သွားပြီး
ချစ်သူ့နှုတ်ခမ်းကလည်း
သွေးစွန်းနေတဲ့ တောင်ကုန်တစ်ခုပါလား ။

ချစ်သူ ဘယ်မှာလဲ
မှောင်မည်းမည်းည ၊ ချွေးစီးယိုကပ်
လန့်ဖျပ်နိုးတော့
ဟိုး ခပ်ဝေးဝေးဆီက
သဲ့သဲ့ကလေးပဲ
တိုက်ပွဲဖြစ်သံ ကြားနေရတယ် ။

- သစ္စာနီ

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...