Wednesday, November 2, 2022

ဝေးကွာခြင်းမှာဆေးရှိတယ်

ဝေးကွာခြင်းမှာဆေးရှိတယ်
__________________________

ပိုက်ဆံလိုသလို
မေတ္တာတရားလည်းလိုပါတယ်

ပိုက်ဆံလိုသလို
အချစ်လည်းလိုပါတယ်

အတူတူနေရမှမဟုတ်
အတူတူမနေရလည်း အချစ်ပဲ

လမင်းကြီးက မင်းနဲ့အတူတူနေဖူးလို့လား
မင်းချစ်တဲ့ကြယ်လေးတွေက မင်းနဲ့အတူတူနေဖူးလို့လား

နေ့နဲ့ည အတူတူနေကြတာမင်းမြင်ဖူးလို့လား
ဒါပေမဲ့ နေ့နဲ့ညကို ငါတို့တွဲမြင်ခဲ့ကြတယ်

ဘယ်သူမဆို ကိုယ်ချစ်တဲ့အရာတွေနဲ့
အတူတူနေချင်တာ တရားမျှတပါတယ်

မပျော်တဲ့ပွဲစားနဲ့တော့
ဘယ်သူမှ ပျော်ပွဲစားမထွက်ချင်ပါဘူး

ဝေးကွာခြင်းကို ပစ်ချထားလို့မရဘူး
ဝေးကွာခြင်းမှာ အင်အားရှိတယ်
ဆုံစည်းချင်ရင်တော့ ဝေးတတ်ရမှာပေါ့

ဝေးရဲမှ
နီးမှာ ။

#အောင်ခိုင်မြတ်

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...