ကျည်စဝင် ခေါင်းတစ်လုံး၏ မေးခွန်းများ
အမေ…
သမီးက ဒီနိုင်ငံကမွေးတဲ့ ကလေးတစ်ယောက်မဟုတ်ဘူးလားဟင်
ဘာလို့ သမီးကို ဒီနိုင်ငံကလူတွေကပဲ ဒုက္ခပေးနေတာလဲဟင်
စစ်သားဆိုတာ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်တယ်လို့ ဖတ်စာအုပ်ထဲပါတယ်လေ
ဘာလို့ သမီးကို မကာကွယ်တာလဲဟင်
အမေ…
လေယာဉ်ပျံတွေက ဘယ်လိုပျံလဲဟင်
ငှက်တွေက အတောင်ခတ်ပျံကြတာ
သူက အတောင်လည်းမခတ်ဘူး
ပြီးတော့…
ဘာလို့ လေယာဉ်တွေက သမီးတို့ကို ဒုက္ခပေးနေတာလဲဟင်
အမေ…
အဖေက လူသတ်ဖူးလားဟင်
ပစ္စည်းခိုးဖူးလားဟင်
လိမ်ပြောဖူးလားဟင်
ဒါဆို အမေ…
ဘာလို့ အဖေက ထောင်ထဲရောက်နေတာလဲဟင်
အမေ…
ဘုရားသခင်ရဲ့ ကလေးတွေဖြစ်တဲ့ သမီးတို့က
ဘာလို့ ကောင်းချီးမင်္ဂလာရမယ့်အစား
ခေါင်းထဲက ကျည်စပဲရရတာလဲဟင်
အမေ…
ဘာလို့ငိုတာလဲ အမေ…
ဖြေပါအမေ…
သမီးလိမ္မာပါ့မယ်အမေ…
အမေ…အမေ…
#Tommy
(ကြေကွဲခြင်းဖြင့်)
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...
-
လူသားဆန်ဖို့ Clickရမယ်💪✊ ဘာဖြစ်ဖြစ်Clickမှရမယ်လို့သာတွေးပြီး clickကြရအောင်ပါခင်ဗျာ။ #photocredit
-
◼အမှောင်◼ ကျေးရွာအနှံ့ မီးလင်းလိုက်တာ ထိန်လို့...။ တခဏချင်း ပြာပုံဖြစ်သွားတယ် ။ ©လကျာ်ဧ #thevoiceofspring #poem #thevoiceofspring
No comments:
Post a Comment