ပြဿဒါးများ
(၁)
ပြက္ခဒိန်ကို လက်ထောက်လို့ ကြည့်လိုက်
ပြဿဒါးနီနီလား ရက်ရာဇာအရောင်ပြာပြာလေးလား
တစ်လလုံးက နီရဲနေတယ်
ပိတ်ရက်မဟုတ်
Can’t wake up from the nightmare
And started to know that
This is reality
It’s really rare
But No one can bear
I dare you
Keep reading
ဈေးရိုးရိုးသားသားရောင်းရင်း ကျည်မှန်သွားတဲ့ ခေါင်းပေါ်ကအပေါက်နဲ့ အလောင်းမှာ
မျှော်လင့်ချက်တွေ မီးပျက်ကုန်တဲ့ မိသားစုတွေရှိတာ ဘယ်သူမှ နားလည်ကြတာ
မရှိဘူး။Sad reactionလေးပေးပြီးရင် ဂိမ်းဆော့ပြတာ ဆက်ကြည့်ကြတယ်
စိတ်ညစ်လိုက်တာဗျို့ ကလပ်သွားရအောင်
ဘီယာလေး ဝိုင်လေးချ အငွေ့လေးရှိုက်
မိတ်ကပ်အပေါစားလေးအုပ်ရင်း
မျက်နှာဖုံး မိန်းမပျိုတွေနဲ့ပျော်ပါးကြ
မမေ့ကြနဲ့ဦး
မျက်နှာဖုံးက မျက်နှာမဟုတ်ဘူး
ကျောင်းပေါက်ဝမှာတင် သေသွားတဲ့ သွေးကွက်က အငွေ့တောင်မပျံလိုက်ရ
မြောင်းထဲကို စီးမကျလိုက်ရခင်
အဖြူနဲ့ အစိမ်းလေးကို ဝတ်ကာ
သားသား ကျောင်းသွားမယ်
ထမင်းစားခြင်းနှင့် ထမင်းချက်ခြင်းသည် မသက်ဆိုင်ပေ
ဆာတဲ့သူချက်ကြ ငါတို့ကတော့ ချက်ရင်စားမယ် မချက်ရင် အစုတ်အပြတ်ကောက်ဝါးမယ်
စက်ဝိုင်းကိုကြည့်ရင်း အစရှာရသလို ဘယ်ကစသလဲ
ဆွဲတဲ့သူမေးပါရစေ
အိုး ဘုရားသခင် အသင်သည် ကောင်းတာတွေဖန်တီးလေတော့
ဆိုးကျိုးသည် ရလာဒ်ဖြစ်စေလေသလော
ဘုရားသခင်ကား သိပ္ပံနည်းကျလှပါဘိ
အာမင်
ယုံကြည်ချက်နောက် လိုက်တဲ့ကဗျာတွေ
အိမ်လွမ်းတယ်တဲ့
ရဲဘော်ငယ်တွေက ဖြူစင်စွာပဲပြောကြပါတယ်
ဒါပေမယ့်
ရေပြင်ပေါ်ကို အရှိန်နဲ့ ဖြတ်လျှောက်နေကြသူတိုင်း
ရေအောက် ဘယ်လောက်နက်လဲ နားလည်ကြတာမဟုတ်
နစ်မြုပ်သွားမှ မထိုက်တန်တဲ့ နာကျင်မှုတွေ ခံကြရပေါ့
အမြစ်ကစလို့ ပုပ်သိုးနေတဲ့ ဦးနှောက်ထဲမှာ
တော်လှန်ရေးဆိုတာ ပေါက်လာတဲ့ အဆိပ်ပင်
အသီးတွေကို ခူးစားကြ
နောက်တစ်မျိုးဆက် အဆိပ်သင့်သေကြပြန်ပြီ
ငါသွားမှဖြစ်မယ်
ငြိမ်းချမ်းဖို့ပါ
ဘယ်သူငြိမ်းချမ်းဖို့လဲ ခင်ဗျားလား နိုင်ငံလား
မီးထဲခုန်ဆင်းပြီး သစွာမှန်ကြောင်းပြကြပေမယ့်
လောင်စာတွေပဲ ပြန်ဖြစ်နေကြတယ်
ထွီ
ပါးဆယ်ချက်ရိုက်မယ့်အစိုးရကို
ရှစ်ချက်ပဲ ရိုက်မယ့် အစိုးရနဲ့ လဲရတဲ့နောက်မှာ
မျိုးဆက်တစ်ဆက်ကတော့ သွားတွေ ကျွတ်ထွက်သွားတယ်ပေါ့လေ
ကြေညာစာတမ်းတစ်ခုအတွက် အသက်ဘယ်နှချောင်းကျပါသလဲ
ဘုရားသခင်ကကို စီးပွားရေးဆန်တာပဲလေ
သူဖန်ဆင်းတာကလည်း အပေးနဲ့အယူပဲပေါ့
သည်းခံနိုင်စွမ်း အားလုံးယူလိုက်
နှလုံးထဲက စီးကျတဲ့ အမုန်းတရားတွေ ပြန်ရစေရမယ်
မင်းတို့ မိဘကို မင်းတို့ အော်ဟစ်ပြီးပြောခဲ့တယ်
ကျွန်တော်တို့က မွေးဖို့ မတောင်းဆိုပါဘူး
ဒါပေမယ့် နိုင်ငံတော်ကကျ အကြွေးတွေ မင်းအပေါ်တင်ထားတယ်
အမေရိကန်မှာ ပညာသင်ကြွေးတွေ ပြန်ဆပ်တယ် ပိုက်ဆံနဲ့
ဒီနိုင်ငံမှာတော့ တစ်မျိုးဆက်အကြွေး တစ်မျိုးဆက် ဆပ်တယ်
မျိုးချစ်စိတ်နဲ့
နိုင်ငံ့သားကောင်းပါတဲ့။
စာရိုက်တာ ဝစ္စနှစ်လုံးပေါက် ကျွံနေတယ် သားကောင်တွေပါ
သွေးတွေလောင်းချထားလို့ ပွင့်တဲ့ပန်းကို ခေါင်းပေါ် ပန်ရဲတဲ့ စိတ်ရှိတာ
ဒီပျိုမေတို့ကို နားလည်ပေးလို့ကိုမရ
အားလုံးက ကိုယ့်အမြင်နဲ့ကိုယ် မှန်နေမှတော့
ငါ့လက်ထဲက အိပ်ဆေးဗူးဟာလည်း ငါ့အတွက် အမှန်တရားတစ်ခုဖြစ်ရမပေါ့
ပြက္ခဒိန်ကို ထောက်ကြည့်
ဒီနေ့ ပြဿဒါးနေ့ပဲ
#Tommy
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Saturday, October 1, 2022
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...
-
❝ ခင်ခင်ပျိုရေ စောင့်ခဲ့တယ် ❞ တရားဟာ တရားအတိုင်း အမှားဟာ အမှားအတိုင်း ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။ သမိုင်းဆိုတာ နှေးချင်နှေးပြီး မြန်ချ...
-
ဓားမိုးပြီး ကျွန်ပြုထားတဲ့ကိစ္စ ဓားဆွဲပြီး ပြန်လှန်ခုခံရမှာကို ကြောက်စရာလို့ထင်နေရင်လည်း ဒီလူမျိုးဟာ ကျွန်ဘဝနဲ့ဘဲထိုက်တန်တယ်လို့ ရာဇဝင်က အ...
-
ကဗျာဆရာသေဆုံးခြင်း _____________________ ဏေမျိုးဇော် ပါးနမ်းလို့ရတယ် ခေါင်းရိုက်ခွဲလိုက်လို့လဲရတယ် က...
No comments:
Post a Comment