ဘုန်းတန်ခိုးတွေနဲ့......ဖုန်းဆိုးမြေ
=========================
တချို့တွေက ငွေပြေးထုတ်
တချို့တွေက ရွှေလေးလုပ်
တချို့က အထုပ် ပဲ့ မလားစိုးရိမ်
တချို့က အလုပ် မဲ့ တအားချိုးနှိမ်
တချို့က ကျောင်းလေးပြေးတက်လို့
တချို့က အလောင်းကလေး အေးစက်လို့
တချို့ကတော့ Club ၊ Bar မှာ ပျော်ရန်ရွယ်
တချို့က အသက်မထား ကာ တော်လှန်တယ်
တချို့က တဏှာမီး ရမက်တွေနဲ့
တချို့က ဗလာချည်း အသက်တွေမဲ့
တချို့က မရဏာခရီး ထွက်လေရဲ့
တချို့က အခိုးခံရတယ်။
တချို့က အလုခံရတယ်။
တချို့က အသတ်ခံရတယ်။
ငါတို့နေရာ ဤဌာန
တချိန်က ဘုန်းတန်ခိုးတွေထွား
ဪ..... ဒီကာလ
ဖုန်းဆိုးမြေအလား......။
သီဟ
(ကိုယ်တိုင်ရေးသားထားကြောင်း ဝန်ခံပါသည်)
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...
-
UNITY ----------- ငါတို့ဟာ ညီရင်းအစ်ကို မောင်ရင်းနှမတွေလို အတူယှဉ်တွဲ နေထိုင်တတ်အောင် မကြိုးစားကြဘူးဆို ရင် လူမိုက်တွေလို ပျက်ကိန်းကြုံလိမ့...
-
ပုံအောရမယ့်ပွဲ ဖြတ်သန်းဖူးတဲ့သူတိုင်း သိကြတဲ့ စစ်အာဏာရှင်လက်အောက်က တက္ကသိုလ်ထိ ပညာရေး ဟာ လောက်လောက်လားလား မယ်မယ်ရရ တန်းမဝင်တဲ့ အချိန်ကုန် ပည...
No comments:
Post a Comment