Wednesday, September 21, 2022

သမိုင်းပေးတာဝန်



သမိုင်းပေးတာဝန်
-------------------------


၁၉၆၂ကနေ ဒီနေ့ထိဟာ
စစ်အာဏာရှင် စနစ်ဆိုးအောက်မှာပဲ
ရှိသေးတယ်

တိုင်းပြည်ရဲ့အာဏာဆိုတာ
ပြည်သူတွေရဲ့မူလပိုင်ပစ္စည်း
မွေးရာပါရပိုင်ခွင့်ပဲ

ဘယ်သူကအုပ်ချုပ်
ဘယ်သူကဥပဒေပြု
ဘယ်သူကတရားစီရင်ဆိုတာဟာ
ပြည်သူတွေကပဲ
ရာနှုန်းပြည့်ဆုံးဖြတ်သတ်မှတ်ရမှာ
ဒါကိုတယောက်ယောက်တဖွဲ့ဖွဲ့က
အဓမ္မစီမံနေသရွေ့
ဒါဟာအာဏာရှင်စနစ်ပဲ

ပြည်သူ့လက်ထဲကို
အာဏာ ပြန်မအပ်လည်း
ရအောင်တိုက်ယူမှာပဲ

"ဒါပြည်သူအားလုံးရဲ့သမိုင်းပေးတာဝန်"

မသေရင် ရှင်တယ်
မရှင်တော့ရင် သေမယ်
မသေခင်ခဏ
လိပ်ပြာလှလှလေးလို ပျံသန်းမယ်
ဖြစ်တည်ရှင်သန်ခြင်းဘဝကို
လူဆန်ဆန် လျှောက်လှမ်းမယ်



San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...