Wednesday, September 21, 2022

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်



ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်
---------------------------------------


လာကြပါလေ
လူပင်လယ် ပန်းခင်းကြီး
အမှောင်ကမ္ဘာက ဖွင့်ထွက်
ခပ်ရဲရဲ  ပွင့်ကြရအောင်
   
ဒီမိုကရေစီ  ဝေါဟာရ
ပွင့်သစ်ဖို့  စွန့်လွှတ်ကြပါစို့
      
ငါတို့ခေါင်းက  ထွက်တဲ့သွေး
အနာဂတ်ပန်းတွေ လန်းစေရေး
ဆွတ်ဖြန်းပေးမယ်
 
ငါတို့ ခန္ဓာရဲ့မြေဆွေး
တန်းတူအရေးအတွက်
ပေါင်းသင်ပေးမယ်

အဖျက်သမား
ဖက်ဆစ် မိစ္ဆာတပ်အား
ဟောဒီ ကမ္ဘာမြေပေါ်မှာ
အရှင်မထား 
   
တူတန်ရာ  အဝီစိငရဲ
တို့အားနဲ့  ပို့ကြရအောင်

ကျဆုံးရဲဘော် ပြည်သူတွေကို
တိုင်တည်လို့
ဖက်ဆစ် ကြေးစားတပ်ကို
အဆုံးထိ သေတပန်ဆုံး
တိုက်ထုတ်ကြပါစို့



San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...