"ညောင်ရွက်တွေနဲ့ တနင်္ဂနွေ"
ငြိမ်နေတာမဟုတ်ဖူးဆိုရင်
`လေ´လိုမရှိတော့ဘူး
ရုပ်က စိတ်ကိုဝေးတယ်
လမ်းက အဆုံးထိမထင်ပေါ်ခဲ့
ကြွေလာတာဖမ်းဆုပ်တော့
ကိုယ်နဲ့သစ်ရွက် ရုပ်ချင်းဆင်တယ်
နေတွေပူပြီးတဲ့တစ်နေ့
မိုးတွေရွာတာ တရားပါတယ်
အချစ်ဆိုတဲ့စမ်းချောင်းလေးဘေးမှာ
လူသားချင်းစာနာထောက်ထားရေးစင်္ကြံလေးရှိတယ်
အသက်က အလကားရချင်ရမယ်
နှလုံးသားက
ဘယ်ဘဝရောက်ရောက် အလကားမရဘူး
အဝေးကြီးကိုကြည့်ပြီး ကိုယ့်ရင်ခွင်ကိုယ်လှမ်းခေါ်မိ
ငါ့အသံမှာ
ငါသာ တာဝန်ရှိသူပါ ။
-အောင်ခိုင်မြတ်
No comments:
Post a Comment