Thursday, September 29, 2022

ငါ့စျာပနမှာ ကဗျာဖတ်ပါ

ငါ့စျာပနမှာ ကဗျာဖတ်ပါ
____

ဘဝဟာ
ဘာမှမဟုတ်တဲ့ ဗလာကြီးပဲ
ဘယ်အရာမှလည်း မမြဲခဲ့ ၊

ငါ့စျာပနာမှာ ကဗျာဖတ်ပါ
ငါ့သက်မဲ့ခန္ဓာကိုယ်ကြီးကို မလွမ်းဆွတ်စေချင် ။

သက်ရှိသတ္တဝါတွေဟာအားလုံး
သေချာကြည့်လိုက်ရင် ဘယ်တွေများကွာခြားသွားသလဲ
ဖြစ်ပြီးပျက်တဲ့ ခရီးသွားတွေပဲ ၊

နာရီတွေကသူ့ဘာသာသူ အလုပ်လုပ်တယ်
သဘာဝတရားကြီးက သူ့ဘာသာသူ လည်ပတ်တယ်
ရှေ့ကိုနှစ်တစ်သန်းလောက်ခဏပြေးပြီး
လက်ရှိဘဝကြီးကို ကြည့်လိုက်ရင်
သွေးရူးသွေးတန်းနဲ့ဘဝကြီးဟာ
မြေကြီးပဲဖြစ်နေမှာ အသေချာ ။

ဒီတော့ ချမ်းသာခြင်းဟာ နတ္ထိ
ဆင်းရဲခြင်းဟာ နတ္ထိ
မာန်မာနတွေဟာ နတ္ထိ
အဆင့်အတန်းတွေဟာ နတ္ထိ
ပိုင်ဆိုင်သမျှအရာတွေဟာ 
တစ်ချိန်ချိန်တော့ ထားခဲ့ရရိုး အမှန် ၊

လောကဓံတရားအားလုံးကို
ကဗျာနဲ့‌ ပေါင်းစပ်ခံစားစေချင်တယ်
ဒါဟာ...ငါ့‌သေတမ်းစာ
နောက်ဆုံးနာရီများရဲ့အခြားဘက်မှာ
ငါ့သက်မဲ့ခန္ဓာကိုယ်ကြီးနားမှာ ကဗျာတွေဖတ်ပါ ။

-ကောင်းထက်


No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...