ဘဝဟာ လက်တွေ့သိပ်ဆန်တယ်
ရက်စက်တယ်
ကျွန်တော်တို့က အဲဒီရက်စက်မှုကို လိုချင်လို့ အဝေးကြီးက ရောက်လာတာ
အဲဒီအချည်းနှီးဖြစ်မှုအတွက်
ဇာတ်ကိုသယ်လာတာ
ကျွန်တော်တို့တိုင်းပြည်ရော ဘာထူးလဲ
၂၀ ရာစုအဆုံးမှာ အုတ်တံတိုင်းနဲ့ ပိတ်တဲ့နေရာ ရောက်ဖို့
သမိုင်းကို ခရီးပြင်းနှင်လာတာ
လမ်းပေါ်မှာ အရက်မူးသမားတစ်ယောက် ဆဲသွားတယ်
ငါတို့ ခွေးဖြစ်ပြီဟေ့၊ အားလုံးကို လီးပဲကွာတဲ့
သူ့အသံဟာ လမ်းမီးတွေ မလင်းတဲ့ အမှောင်ထုထဲမှာ ပဲ့တင်ထပ်နေရဲ့။
-အောင်ခင်မြင့်
Collage By Poemency
No comments:
Post a Comment