ဒီလိုနဲ့
ငါမလိုချင်တာတွေ ငါ ပြန်ပြန်ရ
ငါထွေးပြီးသားတွေ ငါ ပြန်ပြန်မျိုချ
သုံးမရပေမယ့် လွှင့်မပစ်ရက်နိုင်တဲ့
ငါ့ဘဝကြီးကို ငါ ပြန်ပြီး တွယ်ငြိခဲ့ရပေါ့ ။
မေ့ပစ်လိုက် မိဝင်းရေ ။
ဒီလိုနဲ့ ကွန်ဆာဗေးတစ်ဖြစ်လိုက် ၊ လစ်ဘရယ်ဖြစ်လိုက်
ရိုမန်တစ်ဖြစ်လိုက် ၊ အိပ်ဇစ်ဖြစ်လိုက်
မော်ဒန်နစ် မဖြစ်သေးတာ တစ်ခုပဲ
အသည်းနာစရာပါကွယ် ။
ငါမလိုချင်တာတွေပဲ ငါရပြီး
ငါလိုချင်တာ ဘာတစ်ခုမှမရခဲ့တဲ့
ကမ္ဘာကြီးရေ
အရက်ဆိုင်တွေမရှိတဲ့ ညနေခင်းဆိုတာ
ကျေးငှက်သာရကာတွေ မရှိတဲ့
တောအုပ် တစ်အုပ်လိုပါပဲ ။ ။
ဇန်နဝါရီ ၁၉၉၆
ဟန်သစ်မဂ္ဂဇင်း
#ပိုင်စိုးဝေ
(မိဝင်းဖတ်ဖို့ ကဗျာ ၄ မှ)
No comments:
Post a Comment