Thursday, September 1, 2022

နေ့စဉ်ရက်စက်

နေ့စဉ်ရက်စက်
__________________

စားစရာလည်းမရှိ ပြေးစရာလည်းမရှိ
စီးစရာ စက်ဘီးလေးတွေရှိလို့တော်သေး

ထိုင်းမှာလည်း ကွန်ဒိုသွားပြီးမဝယ်နိုင်
စစ်ကိုင်းမှာလည်း သွားကူပြီးမတိုက်ပေးနိုင်

ကြက်ဥကြော်ရင် တစ်ယောက်တည်းပဲစားလို့ရတယ်
ကန်စွန်းရွက်ကြော်တော့ အကုန်စားရတယ်

ဘယ်နှလုံးသားတက်တက်
ကိုယ်ချစ်မှကိုယ်ရတာဆိုတဲ့သတ္တဝါတွေတောင် အခုတော့ ငေါင်စင်းလို့

စောစောစီးစီး ကျက်သရေမရှိတဲ့မနက်ခင်းမှာ
ဒေါ်လာလည်းမရှိ ရွှေလည်းမရှိ
ဓာတ်ဆီလည်းမရှိ သေနတ်လည်းမရှိ

ဘယ်ကုန်သည်မှ အရှုံးခံပြီး
ဘာမှမရောင်းဘူး
နတ်ဘုရားဆိုတဲ့ဝယ်သူတွေသာ အရှုံးခံပြီး
အကုန်ဝယ်ရတယ်

ဒီနေရာမှာ ကျန်ရစ်ခဲ့တဲ့သူတွေသာ
အချိန်မရွေး စိမ်ခေါ်ခံနေရတဲ့နေ့များ

အခုပဲ မီးပြန်လာတယ်
အခုပဲ မီးပြန်ပျက်သွားခဲ့တယ်

အရေးတော်ပုံကတော့
ရှုံးစရာ တစ်စက်မှမရှိဘူး ။

#အောင်ခိုင်မြတ်

1 comment:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...