အလှူ
========================
သူတို့အတက်၊ တိုင်းပြည်ပျက်လို့
သွေးထွက်စွန့်စား၊ ရဲဘော်များကို
ပြည်သားပြည်သူ၊ ဝိုင်းဝန်းကူသည်
တူတူရုန်းထွက်နေတုန်းတည်း။
အမောင်လုပ်သား၊ ရဲဘော်များကို
ဘာအားလှူခဲ့လေသနည်း။
လက်မရွံ့တွေး၊ လစာလေးကို
ပြေးလှူခဲ့ကြောင်းမှတ်ပါလေ....။
ကြင်ဖော်မယား၊ ရဲဘော်များကို
ဘာအားလှူခဲ့လေသနည်း။
အမွေထပ်ထပ်၊ရွှေနားကပ်ကို
ပေးရက်ခဲ့ကြောင်းမှတ်ပါလေ....။
အမေအိုဖွား၊ ပြည်သစ်အားတွက်
ဘာများပေးဆပ်လှူသနည်း
ကြင်နာပိုက်တွယ်၊ ငါ့သားငယ်ကို
ရင်ဝယ်စည်းခြား၊ တိုင်းပြည်အားတွက်
ပေးထားခဲ့ကြောင်း မှတ်ပါလေ.....။
ဖြေရင်းမတ်တတ်၊ ပါးပြင်ထက်မှာ
လိမ့်ကာစီးကျ၊ မျက်ရည်စတို့
နင့်စို့လွမ်းဆွတ်လေပြီတကား......။
သီဟ
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Sunday, September 25, 2022
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...

-
ဓားမိုးပြီး ကျွန်ပြုထားတဲ့ကိစ္စ ဓားဆွဲပြီး ပြန်လှန်ခုခံရမှာကို ကြောက်စရာလို့ထင်နေရင်လည်း ဒီလူမျိုးဟာ ကျွန်ဘဝနဲ့ဘဲထိုက်တန်တယ်လို့ ရာဇဝင်က အ...
-
၂၀၂၁ တနှစ်လုံး ............................ မကြာခင် အဆင်ပြေသွားတော့မှာလို့ ပြောပြီး ခဏခဏဖျားတယ်။ မနက်မိုးလင်းတာနဲ့ ဘေးဘီဝဲယာမှာ သူစိမ်းမြူတွ...
No comments:
Post a Comment