Monday, September 19, 2022

'စက်တင်ဘာမိုးရေစက်များ''



''စက်တင်ဘာမိုးရေစက်များ''

ညီမလေးရေ
အဲဒီနေ့က
ကောင်းကင်ကြီးမျက်ရည်စို့ 
မိုးတွေလည်းညို့လို့။

သမီးကအမာခံမဟုတ်ဘူး
အသေခံတဲ့
မင်းပြောခဲ့တယ်။

ညီမလေးရေ
ချီတက်လာသူတွေကို
မင်း‌ဈေးပန်းဗန်းထဲက
ချ,ချကျွေးခဲ့တဲ့
ကြံချောင်းတွေဆို
ခုထိတိုင် ချိုနေတုန်း၊

ညီမလေးရေ
မင်းလဲကျသွားသည့်တိုင်
မလွှတ်တမ်းကိုင်ခဲ့တဲ့
တို့ ဖခင်ဓာတ်ပုံ
တို့အားလုံးရဲ့နှလုံးသားအစုံနဲ့ 
ခမ်းမများအားလုံးမှာ
အပြီးအပိုင် ချိတ်ဆွဲလိုက်နိုင်တာ 
မင်းပေးခဲ့တဲ့စံနမူနာ။ 

ညီမလေးရေ
မိုးတွေညိုတဲ့ 
ဒီလိုနေ့တိုင်းမှာ 
မင်းနဲ့အတူ 
စွန့်ခဲ့သူအပေါင်းအတွက်
မျက်ရည်ပန်းခွေ
လမ်းတွေပေါ်ပြည့်လို့ 
ညီမလေးရေ - - - 

-မင်းကိုနိုင် (၁၉ - ၉ - ၂၀၁၂)

Collage By Poetry Cafe

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...