နေဦးလေ
အလောတကြီး မဆုံးဖြတ်နဲ့
နေဦးလေ
ရော့ ငါ့ခြေထောက်ယူသွား
ဆူးမကြောက်ရတော့ဘူး
ဟေ့ အေး နေဦး ခဏ
ရော့ ငါ့မျက်ရည်ရောယူသွား
မင်းဝမ်းနည်းတဲ့အခါ မနာကျင်ရတော့ဘူး
သွား သွား ပြန်ရမှာနဲ့ သွားရမှာနဲ့
ခဏ
ခဏ နေဦး ကျန်သေးတယ်
ငါ့ အချစ်တွေယူသွားဦး
မင်းမှာ အချစ်မရှိတော့ဘူးမို့လား
လောကကြီးထဲ ဝင်ဆန့်တဲ့အခါ
အချစ်မရှိရင် မင်း ဂုဏ်ငယ် နေလိမ့်မယ်
ဒါနောက်ဆုံးပါပဲ
ဒါနောက်ဆုံးပဲ
နောက်တခါဆို
ခေါင်းငုံ့ မခံတော့ဘူး
လည်စင်း ပေးလိုက်တော့မှာ ။ ။
-ခက်သီ
No comments:
Post a Comment