Wednesday, August 24, 2022

ငါတို့အားလုံး ပန်းပင်တွေ

ငါတို့အားလုံး ပန်းပင်တွေ

တရံရောအခါက၊
တရားသောအသံများ၊
တဒိုင်းဒိုင်းကျယ်လောင်၊
တအုန်းအုန်းပေါက်ကွဲ၊
ပွဲပဲ  ဒါပွဲပဲ။

ကိုယ့်အခေါင်းနံပတ် ကိုယ့်လည်ပင်းချိတ်ဆွဲပြီး
ရယ်ရတဲ့ ပြဇာတ်၊
နံပတ်ဓါးပြတိုက်သူတွေလည်းပေါသတဲ့။
သေနေ့ဟာ ရှေ့တိုးစီးရ နောက်ဆုတ်စီရ၊
ငါတို့ချွေးနှဲစာဟာ 
ဒိုက်ဗင်သမားတယောက်လို
ရေနက်နက်ထဲ စိုက်ဆင်းပြီး
ပေါ်လာတော့ ခေါင်းတလုံးစာ။
ဒီလိုနဲ့ စိတ်မှာ မဇ္ဈိမပဋိပဒါ
ခန္ဓာက လက်နက်ကိုင်လာ
အလွဲတရားတွေခါးရသော ငရဲ။
ငါတို့ဟာ အဆိပ်သင့်မြေပေါ် 
အတူတူရှင်သန်တဲ့ ပန်းပင်တွေ၊
ငါတို့အားလုံး ပန်းပင်တွေ
ဒုက္ခတွေပဲ ပွင့်ကြတယ်။

#မိုခမ်းနောင်

1 comment:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...