ဝမ်းနည်းခြင်းဖြင့် စုဝေးသည်
အဝိုင်းလည်လိုက် ဆက်သွားလိုက်လုပ်နေတဲ့ ဖုန်းထဲမှာ
နာကျင်မှုအပြည့်နဲ့ လူမည်းတစ်ယောက် သီချင်းဆိုနေတယ်
သူ့ဘာသာစကား ငါမကျွမ်း
သူကြုံတာတွေ ငါမကြုံဖူးဘူး
ဒါပေမယ့် ငါမျက်ရည်ကျတယ်
သူ့သီချင်းနားထောင်ဖို စောင့်ရင်းသေသွားသူတွေရယ်
သူ့သီချင်းနားထောင်ရင်း နာကျင်လို စိတ်ပြန်သေကြတဲ့သူတွေရယ်
ကဗျာကိုရေးရင်းနဲ့ ကိုယ်ရေးတာကို မုန်းလာတတ်တဲ့ မာနကြီးတဲ့ ဦးနှောက်က
အကောင်းဆုံးကိုမရမခြင်း မထုတ်ပေးပဲ ပေခံနေတယ်
အကောင်းဆုံးဆိုတာမရှိဘူးလေ
အားလုံးက နာကျင်နေကြတာကြီးပဲ
ဒဏ်ရာတွေကို လှန်ကြည့်လိုက်ရင် သွေးမျက်ရည်ကျလိမ့်မယ်
ဖိနှိပ်ခံရတာကို ကျော်လွန်ဖိုကြိုးစားရင်း
ကိုယ့်စိတ်နဲ့ကိုယ်ကျွန်ပြန်ဖြစ်နေကြတဲ့ ကဗျာဆန်ကမ္ဘာသားတို
ကဗျာကျွန်များမှ
သင်တိုအတွက်…
ဝမ်းနည်းခြင်းဖြင့် စုဝေးပါသည်။
မရယ်ကြနဲ့ အားလုံးစုံညီစွာ ခြေပစ်လက်ပစ်ငိုကြမယ်
ငါတိုနာကျင်မှုတွေကို ဘယ်အချိန်ထိ ငါတို မျက်နှာလွဲထားကြမှာလဲ
လူဆိုးတွေဟာ ရုပ်ရှင်ထဲကလို Back storyပြပေးဖို ထိုက်တန်ပါသလား
အဆိုပါမေးခွန်းမှာ…
နစ်နာသူနဲ့ ခံရသူကို ပြောင်းလဲနိုင်ပါသည်
နားတွေကိုပိတ် မျက်လုံးကိုမှိတ်
ပါးစပ်တွေကို ဇစ်ပြန်တပ်
နှလုံးသားကို ထပ်ဖွင့်လိုက်
သွေးတွေ ရေတံခွန်လို ထပ်ကျလာမယ်
ကလေးတွေကို သွေးတွေ လောင်းချလိုက်ရင်
အဲ့သွေးနဲ့ သူတိုစိတ်ထဲရှိတဲ့ ပန်းချီရေးရဲကြပါစေ
ငကြောက်တွေကို မွေးပေးရင်
တစ်တိုင်းပြည်လုံး အလွယ်တကူကြောက်ပြီး ပုဆိုးခြုံ လက်သီးပဲမြုံနေကြလိမ့်မယ်
အပြင်ကိုထွက်ကြဟေ့
မင်းတိုကို ရူးစေမယ့် ဦးနှောက်ကို ဖယ်လိုက်တော့
ငါက ကဗျာကိုမုန်းတဲ့ ကဗျာရေးသူတစ်ယောက်
မင်းတိုပြောတဲ့ မော်ဒန် ပိုစ်မော်ဒန်တွေနဲ့ လှမ်းပစ်မပေါက်ကြနဲ့
အရက်ပုလင်းခွံနဲ့ ဆောက်တဲ့ နှလုံးအိမ်တိုင်းမှာ
ဓါတုဆေးငွေ့တသင်းသင်းနဲ့
အတင်းစကားတွေနဲ့ ဘဝကို တည်ဆောက်နေကြတာ
ယဉ်ကျေးမှုဆိုတာ တံဆိပ်လှလှကပ်ထားတဲ့ ပါးရိုက်ခြင်းတစ်မျိုးလိုပြောရင်
ငါဟာ ကမ္ဘာမှာ အများနဲ့တစ်ယောက်ရပ်နေရလိမ့်မယ်
ကမ္ဘာပြားပါစေ
ဒါမှ အဆုံးကျရင် ခုန်ချပြီး သေလိုရမှာ
ဘာကြောင့်များ အသည်းကွဲတာက ကဗျာဖြစ်လာရသလဲ
ဖန်တရာထေ ညည်းချင်းတွေကြားထဲမှာ
သူများတွေ ခံသာတာ ငါနာကျင်ရလွန်းလို
ငါသေသောအခါ
ဒီကောင် ဝဋ်ကျွတ်ပြီ
ဒီကောင့် ဝဋ်ကျွတ်ပြီ
ရယ်မောစွာ စုဝေးပါ
နာကျင်ပါ
#Tommy
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...
-
❝ ခင်ခင်ပျိုရေ စောင့်ခဲ့တယ် ❞ တရားဟာ တရားအတိုင်း အမှားဟာ အမှားအတိုင်း ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။ သမိုင်းဆိုတာ နှေးချင်နှေးပြီး မြန်ချ...
-
ဓားမိုးပြီး ကျွန်ပြုထားတဲ့ကိစ္စ ဓားဆွဲပြီး ပြန်လှန်ခုခံရမှာကို ကြောက်စရာလို့ထင်နေရင်လည်း ဒီလူမျိုးဟာ ကျွန်ဘဝနဲ့ဘဲထိုက်တန်တယ်လို့ ရာဇဝင်က အ...
-
ကဗျာဆရာသေဆုံးခြင်း _____________________ ဏေမျိုးဇော် ပါးနမ်းလို့ရတယ် ခေါင်းရိုက်ခွဲလိုက်လို့လဲရတယ် က...
👍👍
ReplyDelete